Chapter 22

3.3K 523 183
                                    

/ Unicode /

" အဲ့ဒါနဲ့ ကြာတော့ နတ်ဘုရားငယ်ကလည်း
လေနတ်ဘုရားအပေါ် အမြင်ပြောင်းလာတယ်တဲ့ "

" ပြီးတော့ ကြိုက်သွားတာပေါ့? "

ဟိုဆော့ရဲ့အမေးကို ယွန်းဂီ ခေါင်းတစ်ချက်ညိတ်
လိုက်ပြီး လက်ဖက်ရည်ခွက်ကိုလှမ်းယူလိုက်တယ်။
ဒီလိုမှိုင်းညှို့ညှို့နဲ့ မိုးကျခါနီးအချိန်က နို့ရောထားတဲ့
ချိုစိမ့်စိမ့် လက်ဖက်ရည်လောက် လိုက်ဖက်တာ
မရှိတော့ဘူး ။ တွဲစားဖို့ သကြားမပါတဲ့ မုန့်ကလည်း
အခုမှလုပ်ထားကာစမို့ ပူပူနွေးနွေးပဲရှိနေသေးတော့
ရာသီဥတုနဲ့အံကိုက်ပဲ ။

" ဒါနဲ့နေပါဦး မင်းကမသိဘူးလား ။ လေနတ်ဘုရား
ကို မင်းပဲအပြစ်ပေးခဲ့တာလေ ။ နတ်ဘုရားငယ်ရဲ့
ဥယျာဥ်ခြံကို အစအဆုံးတာဝန်ယူပေးဖို့ "

" အပြစ်ပေးတာတော့ ဟုတ်တယ်လေ ။ နှစ်ယောက်
ကြိုက်သွားမယ်မှန်းတော့ ဘယ်သိမလဲ။ ပေးတဲ့
အပြစ်အတိုင်း သေချာလုပ်နေတော့ ငါလည်း
ကျန်တာစိတ်မဝင်စားဘူး ဖြစ်သွားတာ "

သူ့ဖြေရှင်းချက်အဆုံး စကားဝိုင်းက ခဏတစ်ဖြုတ်
တိတ်ဆိတ်သွားတယ် ။ ဒီနေ့မနက် ယွန်းဂီဆီက
ကြားရတဲ့သတင်းက တော်တော်ထူးဆန်းတယ် ။
အပြစ်လုပ်ပြီးရင် ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ငွေနဲ့
ဖြေရှင်းတတ်တဲ့ လေနတ်ဘုရားနဲ့ အဲ့ဒီအပြုအမူကို
မုန်းတဲ့ နတ်ဘုရားငယ်နဲ့ ကြိုက်သွားကြသတဲ့ ။
ဒီနှစ်ယောက်ကိုနောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ အပြစ်ဒဏ်
စီရင်ချက်ချတုန်းကအချိန်မှာတောင် တစ်ယောက်နဲ့
တစ်ယောက် မကျေလည်သလို ဖြစ်နေခဲ့ကြတာကို ။
အခုထပ်ပြီး သတင်းကြားရတော့ ကြိုက်သွားကြပြီ
တဲ့လေ ။

အဲ့ဒါကြောင့် စောင့်ကြည့်နေဆဲကာလမှာ " လေ
နတ်ဘုရားက အပြစ်ဒဏ်ကိုသေချာခံယူရင်း
နတ်ဘုရားငယ်ရဲ့ ဥယျာဥ်ခြံကို အစွမ်းကုန်ဂရုစိုက်
ပေးနေပါတယ် " လို့ သိခဲ့ရတာဖြစ်မယ် ။ အဲ့တုန်းက
သူတောင် " ဘယ်ဆိုးလို့လဲ အဆင်ပြေသားပဲ "
ဆိုပြီးတွေးနေခဲ့သေးတာ ။ တကယ်က အဆင်ပြေ
တာမှ တော်တော်ကို အဆင်ပြေနေခဲ့ကြတာပဲ ။

" နည်းနည်းတော့ထူးဆန်းသားပဲနော် ။ အဲ့ဒီလိုမျိုး
ဂရုစိုက်ပေးရုံနဲ့ နတ်ဘုရားငယ်က အမြင်ပြောင်းပြီး
ကြိုက်သွားတယ်ပေါ့ ။ နတ်ဘုရားငယ်တွေက
တစ်စုံတစ်ယောက်ကိုချစ်ဖို့ ခက်ခဲတဲ့သူတွေလေ "

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now