Chapter 27

3.5K 436 91
                                    

/ Unicode /

" မင်းသားယွန်မင် "

" အို့! ဂျီအာ ။ ဘယ်သွားမလို့ပါလိမ့် "

" အရှင်ယွန်းဂီဆီလာတာပါ ။ မမလေးက အနီရောင်
စာရွက်အတွက် ကျေးဇူးတင်လို့ လက်ဆောင်
ပို့ပေးခိုင်းလိုက်လို့ပါ မင်းသားယွန်မင် "

" သြော် လာလေ အဲ့ဒါဆို ။ ကျွန်တော်လည်း
အဆောင်ကို ပြန်မှာ "

" ဟုတ်ကဲ့ "

ယဥ်ယဥ်ကျေးကျေး​ဖြေတဲ့ ဂျီအာက နူးနူးညံ့ညံ့
ပြုံးရင်း သူနဲ့အတူ အဆောင်ဘက်ကို ဆက်ပြီး
လျှောက်တယ် ။ အနောက်မှာလည်း နောက်ထပ်
ကောင်မလေး 3 ယောက် အတူတူပါပြီးတော့
ကောင်မလေးတွေ လက်ထဲမှာ ခပ်ကြီးကြီး
သစ်သားဘူး ကိုယ်စီနဲ့ ။ သူသိသလောက်ဆိုရင်
ဂျီအာက ဒေါင်းမျိုးနွယ်ရဲ့ပထမဆုံးသမီးတော်
အတွက် အားအထားရဆုံးလူယုံတော်ဖြစ်တဲ့အပြင်
ပထမဆုံးသမီးတော်နေထိုင်ရာ အရှေ့မြောက်
နန်းဆောင်ရဲ့ အပျိုတော်တွေထဲမှာလည်း အာဏာ
အရှိဆုံး ။ အခုဆိုရင် ပထမဆုံးသမီးတော်က
ကြင်ယာတော်ရှိနေပြီဖြစ်သလို သိပ်မကြာခင်မှာ
ဒေါင်းမျိုးနွယ်ရဲ့ အုပ်ချုပ်သူဖြစ်တော့မှာကြောင့်
ဂျီအာရဲ့အာဏာက ပိုပြီးတောင်တိုးလာဦးမှာ ။

" မင်းသားယွန်မင် စိတ်မရှိဘူးဆိုရင် တစ်ခုလောက်
မေးလို့ရမလား မသိဘူး "

" ရပါတယ် ။ ဘာကိစ္စများလဲ "

" မင်းသားယွန်မင်မှာ ချစ်သူရည်းစားများ
ရှိလားလို့ပါ "

မမျှော်လင့်ထားတဲ့မေးခွန်းမို့ ဖျတ်ခနဲလှည့်ကြည့်
မိတော့ ဂျီအာက သူ့ကို အားနာသလိုပြန်ပြီး ကြည့်
လာတယ် ။

" ကျွန်မ စည်းကျော်သလို ဖြစ်သွားပြီထင်တယ် ။
စိတ်မရှိပါနဲ့နော် ။ မင်းသားယွန်မင်နဲ့ ရင်းနှီးတာ
ကြာပြီဆိုတော့ ဒီမေးခွန်းမျိုးကို မေးလို့ရနိုင်တယ်
လို့ သတ်မှတ်လိုက်မိတာပါ ။ တောင်းပန်ပါတယ် "

" အာ မဟုတ်တာ ။ ထူးထူးဆန်းဆန်းမေးခွန်းမို့လို့
ဘာလို့လဲလို့ တွေးမိသွားလို့ပါ ။ မေးလို့ရပါတယ် ။
ဂျီအာ ပြောသလိုပဲ ။ ကျွန်တော်တို့ ရင်းနှီးတာ
ကြာပြီပဲလေ "

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now