Chapter 13

2.9K 512 32
                                    

/ Unicode /

ဒီနှစ်ရဲ့ပွဲတော်ရက်က အရင်နှစ်တွေလိုပဲ မျိုးနွယ်စု
အစုံအလင်နဲ့ အတော်လေးကိုစည်ကားနေခဲ့တယ် ။
ခန်းမအလယ်မှာ ခင်းကျင်းထားတဲ့စားပွဲရှည်ပေါ်မှာ
အရသာမျိုးစုံနဲ့ဝိုင်တွေ ၊ သစ်သီးတွေ ၊ အချိုမုန့်တွေ
ပြီးတော့ ဝိုင်မသောက်ချင်တဲ့လူတွေအတွက်လည်း
ဖျော်ရည်မျိုးစုံကို စီစဥ်ပေးထားသေးတယ် ။

အစ်ကိုဟိုဆော့ရဲ့ဖျော်ဖြေမှုရယ် တခြားတခြား
သော ဖျော်ဖြေမှုတွေရယ်ကိုတော့ မျိုးနွယ်စုတွေ
အားလုံးက ခပ်နိမ့်နိမ့်စားပွဲလေးတွေမှာ ကိုယ်စီ
ထိုင်ရင်း ကြည့်ရှုအားပေးခဲ့ပြီး အခုတော့ ဥယျာဥ်ထဲ
လျှောက်သူကလျှောက် ၊ စားပွဲတွေသုံးလေးခု
ဆက်ပြီး စကားစမြည်ပြောတဲ့လူတွေက ပြောနဲ့
အကုန်လုံးဟာ ပွဲတော်ကိုပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းနေကြတယ် ။

အကုန်လုံးပျော်ရွှင်နေကြတဲ့ ပွဲတော်မှာ စိတ်ရှုပ်
နေတာက သူပဲရှိလိမ့်မယ်လို့ ဂျီမင်တွေးမိတယ် ။
ကိုယ်စီအလုပ်များနေတာကြောင့် မတွေ့ရတာ
ရက်နည်းနည်းကြာနေပြီဖြစ်တဲ့ ယွန်မင်တို့နဲ့အတူတူ
စကားပြောဖို့ကြံကာရှိသေး လာလာနှုတ်ဆက်နေတဲ့
လူတွေကြောင့် သူ့စိတ်က သိပ်မကြည်ချင်တော့
ဘူး ။ အဲ့ဒါအပြင် ဂျောင်ဂုကလည်း ဘေးက
စားပွဲဝိုင်းမှာ အရှင်ယွန်းဂီ ၊ အစ်ကိုဟိုဆော့ ၊
အရှင်နမ်ဂျွန်း တို့နဲ့အတူတူစကားပြောနေ
သေးတယ် ။ လူတစ်ယောက်လုံးကိုရှေ့မှာထားပြီး
အဲ့ဒီလူမကောင်းကြောင်းကို ပြောရမှာက သိပ်တော့
မဟုတ်သေးဘူး မဟုတ်လား ။

" ဂျီမင် ပျင်းနေပြီလား "

အနားကိုရုတ်တရက်ရောက်လာတဲ့ ဂျောင်ဂုကြောင့်
ဂျီမင် ကြွေအိုးခပ်သေးသေးလေးကို ဆွဲယူကာ
အထဲကဝိုင်တွေကို တရှိန်ထိုးမော့သောက်ပစ်လိုက်
တယ် ။

" ပျင်းရင်ဘာလုပ်ပေးမှာမို့လို့လဲ "

သာမန်ထပ်ပြင်းထန်တဲ့ တုံ့ပြန်မှုကြောင့် ယွန်မင်ရော
ထယ်ယောင်းရော ဂျီမင်ကိုပြိုင်တူကြည့်မိသွား
တယ် ။ အရင်တုန်းကလည်း ဒီလိုပြောနေကျ
ဆိုပေမယ့် အခုက လူအများကြားမှာဆိုတော့......။
အနည်းငယ်မူးစပြုနေတဲ့ ဂျီမင်ကတော့ ရန်စသလို
ခပ်တွန့်တွန့်အပြုံးနဲ့ ဝိုင်တွေကိုဆက်သောက်နေ
ပြန်တယ် ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Donde viven las historias. Descúbrelo ahora