Chapter 35 ( Final )

3.8K 304 110
                                    

/ Unicode /

" ပန်းရောင်ပဲ "

အနီရောင်အမှုန့်တွေကြားမှာ ကြိုကြားကြိုကြား
ရှိနေတဲ့ ပန်းရောင်အမှုန့်နဲ့အဖြူရောင်အမှုန့်မှာ
ပန်းရောင်အပေါ်ကို ယွန်မင်ပိုပြီး စိတ်ခံစားချက်
ပြင်းနေတယ် ။ လူသားသာဆိုရင် တကယ်ကို
ကောင်းတဲ့ ထိမ်းမြားခြင်းဆိုပေမယ့် သူတို့လို
မသေမျိုးတွေအတွက်တော့ မနှစ်မြို့စရာပဲ ။
အကုန်လုံးက အဆုံးသတ်မှာ ခွဲရမှာခြင်းတူတဲ့
အဖြူရောင်စာရွက်ထက် ပန်းရောင်စာရွက်ကို
ပိုကြောက်ကြတယ် ။

အရှင့်အနားမှာနေကာ ထိမ်းမြားခြင်းလုပ်ငန်းနဲ့
ပတ်သက်ပြီး ပိုအကျွမ်းဝင်လာတာနဲ့အမျှ စာရွက်
အကြောင်းကိုလည်း သူထဲထဲဝင်ဝင် ပိုသိလာတယ် ။
သူမြင်ခဲ့ဖူးတဲ့ ပန်းရောင်စာရွက်နဲ့ထိမ်းမြားခဲ့တဲ့
စုံတွဲတော်တော်များများက သေဆုံးမှုနဲ့ လမ်းခွဲရတာ
ချည်းပဲ ။ စုံတွဲတိုင်းမဟုတ်ပေမယ့် တော်တော်
များများက အဲ့ဒီလိုပဲ ။ တချို့ကတော့ အချင်းချင်း
အကြီးအကျယ်တိုက်ခိုက်ကြရင်း လမ်းခွဲကြတယ် ။

ပန်းရောင်စာရွက်နဲ့ ထိမ်းမြားခဲ့တဲ့ မြေခွေးမျိုးနွယ်ရဲ့
ဒုတိယသမီးတော်ကလည်း ခင်ပွန်းနဲ့စကားများပြီး
တိုက်ခိုက်ကြတယ်တဲ့ ။ ပြီးတော့....။ ပြီးတော့
အရှင်ယွန်းဂီရဲ့ ခမည်းတော်နဲ့မယ်တော်ကလည်း
ပန်းရောင်စာရွက်နဲ့ပဲ ထိမ်းမြားခဲ့ရပြီး မယ်တော်က
အဆုတ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာမဟုတ်လား ။
ခမည်းတော်ကလည်း အဲ့ဒီစိတ်နဲ့ပဲ အရှင်ယွန်းဂီကို
ထားခဲ့ပြီး မယ်တော့်နောက်ကို လိုက်ပါသွားခဲ့
တယ် ။

အတွေးတွေဆက်သွားတာနဲ့အမျှ ဒဏ္ဍာရီလာ
စုံတွဲအကြောင်းကိုလည်း ယွန်မင် သတိရမိတယ် ။
ဇာမဏီငှက်တွေအတွက် အလိုက်ဖက်ဆုံးက
ရေသူမျိုးနွယ်ပဲလေ ။ စာတွေ ကဗျာတွေထဲ
တခမ်းတနား ဖော်ပြညွှန်းဆိုရတဲ့အထိ လိုက်ဖက်
လွန်းတဲ့အပြင် ခေတ်အဆက်ဆက်လက်ဆင့်ကမ်း
လာတဲ့ ထိမ်းမြားခြင်းနတ်ဘုရားနဲ့ကြင်ယာတော်
ကိုင်ဆောင်တဲ့ စုတ်တံနှစ်ခုကလည်း ဇာမဏီငှက်ရဲ့
အမြှီးနဲ့ ရေသူမရဲ့နံရိုးကို အသုံးပြုကာ ပြုလုပ်
ထားတာမဟုတ်လား ။ ဇာမဏီမျိုးနွယ်နဲ့ ရေသူ
မျိုးနွယ် ၊ ရေသူမျိုးနွယ်နဲ့ ဇာမဏီမျိုးနွယ်ဆိုတာ
ခွဲခြားလို့မရအောင်အတွဲညီတဲ့ ဖြစ်တည်မှု ၊ အရမ်း
လိုက်ဖက်တဲ့စုံတွဲလေ ။ အဲ့ဒီတော့ သူမကြာခဏ
တွေးနေမိတာက.....။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now