Chapter 2

7K 946 80
                                    

/Unicode/

နယ်မြေထဲကို တစ်စတစ်စ ၀င်ရောက်လာကြတဲ့ ၊ 
အရောင်အသွေးအစုံနဲ့ မျိုးနွယ်စုတွေကို ယွန်မင်
အဆောင်၀ကနေ လှမ်းကြည့်နေမိတယ်။ သူတို့
ရှိနေတဲ့ အဆောင်ဟာ မျိုးနွယ်စုတွေ စုဝေးနေတဲ့ နေရာနဲ့ ၊ တော်တော်လေးလှမ်းတဲ့အပြင် ၊ ခပ်မြင့်
မြင့်အပိုင်းမှာ ရှိနေတာကြောင့် အပေါ်စီးကနေ အခြေအနေ အားလုံးကို လှမ်းမြင်နေရတာ။

တစ်ချို့၀င်လာတဲ့ သူတွေက ခမည်းတော်တို့ကို
နှုတ်ဆက်ရင်း စကားစမြည်ပြောနေသလို ၊
တစ်ချို့ကလည်း မြေပြင်ပေါ်မှာ ခင်းကျင်းထားတဲ့
လေးထောင့်စားပွဲတွေမှာ ၀င်ထိုင်ပြီး ၊ အခမ်းအနား
စဖို့ စောင့်နေကြပြီ။ သူ့နေရာနဲ့သူ ပနံသင့်နေတဲ့
လူတွေကို ကြည့်ရင်း ၊ ယွန်မင် ခေါင်းခါကာ
အဆောင်တံခါးကို ပြန်ပိတ်လိုက်သည်။ အကုန်လုံး
ပျော်ရွှင်နေကြတဲ့ အချိန်မှာ ၊ သူရယ် ၊ ဂျီမင်ရယ် ၊
ထယ်ယောင်းရယ်ကတော့ စိတ်ရှုပ်နေရတာပင်။
ဂျီမင် ကတော့ အဆိုးဆုံးပေါ့။

" ဂျီမင် ၊ မျက်နှာကို အဲ့လောက် တည်မထားနဲ့လေ ၊
ခဏနေရင်ပဲ အပြင်ထွက်ရတော့မယ် "

ဘယ်လောက်ပဲ စိတ်ဆိုးနေနေ ၊ ဒီလောက်ကြီး
မျက်နှာတည်နဲ့ နေနေလို့ မဖြစ်တာကြောင့် ၊ ယွန်မင်
သတိပေးသလို ပြောလိုက်မိတဲ့အခါ ၊ စားပွဲ၀ိုင်းမှာ ထိုင်နေတဲ့ ဂျီမင်က သူ့ကို ထသတ်တော့မလိုနဲ့
ဂျိုကြည့်ကြည့်တယ်။

" အဲ့တော့ ငါက ၊  ပျော်လိုက်တာ ပျော်လိုက်တာ
ဆိုပြီး ထိုင်ရယ်နေရမှာလား "

" မဟုတ်ဘူးလေ ၊ ငါပြောချင်တာက ၊ အဆောင်အပြင်ထွက်ရင် သတို့သားတစ်ယောက်အနေနဲ့~~~"

" တိတ်စမ်း!!!! အဲ့ဒီ့ သတို့သား ဆိုတဲ့ နမ်စားကြီးကို
မသုံးစမ်းနဲ့!!!! "

တော်တော်လေး စိတ်ဆိုးနေပုံရတဲ့ ဂျီမင်ဟာ
စားပွဲ၀ိုင်းကို လက်သီးနဲ့ တစ်ချက်ထုရင်း
ရှူးရှူးရှဲရှဲ တွေပါ ဖြစ်လာတာကြောင့် ၊
ထယ်ယောင်းက ကြားထဲက ၀င်ဖြန်ဖြေပေး
လာသည်။

" မင်းကလည်း ၊ အခုအခြေအနေ ရောက်မှတော့
စိတ်ဆိုးနေလည်းဘာမှမထူးတော့ဘူး ၊
ဘယ်လိုပဲ ဖြစ်ဖြစ် ယွန်မင်က မင်္ဂလာစာရွက်ကို
ရအောင် အရောင်ပြောင်းပေးမယ်လို့ ပြောထားတယ် မဟုတ်လား ၊ အဲ့ဒါကြောင့် အခု
လောလောဆယ် အပြင်ထွက်ရင် မင်း မျက်နှာ
အနေအထားကို နည်းနည်းလောက် ပြင်လိုက်ဦး ၊
မျိုးနွယ်စုတွေလည်း အားလုံးဆုံနေမှာ "

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now