Chapter 29

2.9K 374 18
                                    

/ Unicode /

ညနေခင်းက မိုးရိပ်တွေကြောင့် ပိုပြီးအေးမြနေကာ
လေထုထဲမှာလည်း စိုစွတ်စွတ် အနံ့လေးကိုရနေ
တယ် ။ အမှောင်လောကက ကောင်းကင်ဘုံလိုမျိုး
အလင်းရောင်များများစားစား မရှိတာကြောင့်လည်း
ပါမယ်ထင်တယ် ။ မှုန်မှိုင်းမှိုင်း ကောင်းကင်မှာ
တိတိကျကျနေရောင်ဆိုလို့ နေ့လယ်စာစားပြီးချိန်
ကပဲ မြင်လိုက်ရတယ် ။

" အစ်ကို့ကို လိုက်ခဲ့ပါလို့ အတင်းခေါ်ပြီးတော့
အနားမှာသေချာမရှိပေးနိုင်တာ စိတ်မကောင်းဘူး "

သူ့ဘေးကနေလျှောက်နေတဲ့ ထယ်ယောင်းဆီက
တိုးလျလျအသံလေးကြောင့် ဟိုဆော့ အသာ
ပြုံးလိုက်ရင်း ထယ်ယောင်းရဲ့ လက်ချောင်းလေး
တွေကို ဆွဲယူပြီး သူ့လက်ချောင်းတွေနဲ့ ယှက်သိုင်း
ဆုပ်ကိုင်လိုက်တယ် ။ ကွယ်ဝှက်စရာမလိုတဲ့
ဆက်ဆံရေးမို့လို့ နန်းတော်ရဲ့ လမ်းမထက်မှာ
ဖြတ်သန်းသွားလာနေကြသူတွေကိုလည်း ဂရုစိုက်
နေဖို့ မလိုဘူးမလား ။

" ကောင်းကင်ဘုံမှာကျန်ခဲ့ပြီးတော့ မင်းဘယ်အချိန်
ပြန်လာမလဲ မျှော်ရတာထက်စာရင် အခုလိုမျိုး
ခဏလောက်ပဲဖြစ်ဖြစ်တွေ့ရတာက ပိုကောင်း
ပါတယ် "

သူ့စကားကြောင့် ကောင်လေးက နှစ်နှစ်ကာကာ
ပြုံးရင်း လက်ချောင်းတွေကို ပိုပြီးတင်းကြပ်လိုက်
တယ် ။ အမှန်အတိုင်းပြောရရင် ထယ်ယောင်းနဲ့
အမြဲတမ်းအတူတူရှိခွင့်မရတာကို စိတ်ကျေနပ်
နေတာတော့ မဟုတ်ဘူးပေါ့ ။ အမှောင်လောကကို
ရောက်တဲ့အချိန်ကနေစပြီး ထယ်ယောင်းက
သံတမန်အနေနဲ့ မျိုးနွယ်စုတချို့ဆီကို သွားခဲ့ရ
သေးတာကြောင့် သူနဲ့အတူတူမရှိနိုင်တာကပဲ
2 ရက်တစ်ပိုင်းလောက် ကြာတယ် ။

ဒါပေမယ့် သူခုနကပြောခဲ့သလိုပဲ ။ ထယ်ယောင်း
ဘယ်အချိန်ပြန်လာမလဲဆိုတာကို မျှော်ရတာထက်
စာရင် ထယ်ယောင်းရဲ့ ဇာတိမြေမှာနေရတာက
ပိုကောင်းတယ်လေ ။ ဂျီမင် ၊ ယွန်မင်နဲ့ ဂျောင်ဂု
လည်းရှိနေတဲ့အပြင် ဂိုမောင်နှမကလည်း သူ့ဆီ
လာလည်သေးတယ် ။ ဟယ်ရာက အရင်တစ်ခါ
ခွင့်တောင်းခဲ့တဲ့အတိုင်း သူ့ကိုရင်းရင်းနှီးနှီး
ဆက်ဆံပြီး ထယ်ယောင်းနဲ့ပတ်သက်တာတွေ
အကုန်ပြောပြပေမယ့် ဂျူရာကတော့ ငြိမ်ငြိမ်
သက်သက်ရှိနေမြဲပဲ ။ တစ်ခါတလေ ဟယ်ရာက
ထယ်ယောင်းနဲ့ပတ်သက်ပြီး သူမကြိုက်လောက်
မယ့်အကြောင်းတွေပြောရင်း ဆူပစ်ဖို့တိုက်တွန်းရင်
ဂျူရာက ပြာပြာသလဲလဲ ဝင်ဖျန်ဖြေတော့တာပဲ ။
သူ့မှာ ထယ်ယောင်းနဲ့အနီးကပ်မရှိရပေမယ့်လည်း
ထယ်ယောင်းအကြောင်းကို ဒီလိုနည်းတွေနဲ့ ပြန်ပြီး
ကြားသိနေရတဲ့အတွက် အလွမ်းကတော့ပြေပါ
တယ် ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now