Chapter 28

2.9K 358 79
                                    

/ Unicode /

မနက်အိပ်ရာနိုးတာနဲ့ ဂျောင်ဂုသတိထားမိတာက
ရင်ခွင်ထဲရောက်နေတဲ့ အကြီးမားဆုံး ပြောင်းလဲ
မှုလေး ။ သူ့လက်မောင်းတစ်ဖက်ကို ခေါင်းအုံး
လုပ်ရင်း ခါးကနေပါပွေ့ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတဲ့ နတ်ဆိုးလေးကြောင့် မနက်ခင်း
အစမှာတင် ကြည်ကြည်နူးနူးပြုံးရတဲ့အဖြစ် ။
တစ်ဖက်ကို ဖိအိပ်ထားတဲ့အတွက် စုချွန်ထွက်နေတဲ့
နှုတ်ခမ်းဖူးလေးကို သူ ကြည့်နေရင်း ကြည့်နေရင်းနဲ့
ရေငတ်လာသလိုတောင် ခံစားလာရတယ် ။ စိတ်ထဲ
ရှိတဲ့အတိုင်းဆိုရင် ၊ သူ့ဘက်က အားသာနေတဲ့
အခြေအနေအတိုင်းဆိုရင် တစ်ခါလောက် တရှိုက်
မက်မက်နမ်းပစ်မိမှာပေမယ့် အိပ်နေတာလေးက
အရမ်းကို အပြစ်ကင်းလွန်းလို့ ဂျောင်ဂုမှာ မထိရက်
မကိုင်ရက် ဖြစ်ရတဲ့ဘဝ ။

နောက်ဆုံးတော့လည်း မနေနိုင်စွာနဲ့ ညကအရက်
အရှိန်နဲ့ ပန်းသွေးရောင်ထနေဆဲ ပါးမို့မို့လေးကိုသာ
ခပ်ဖွဖွအနမ်းပေးရတယ် ။ အိပ်မက်ကမ္ဘာထဲမှာ
ပျော်မွေ့နေဆဲ နတ်ဆိုးလေးကတော့ အရက်ပွဲတော်
ရောက်နေသလားမသိ ။ နှုတ်ခမ်းလေးကို သပ်ရင်း
လည်ချောင်းလေးကပါ တလှုပ်လှုပ်လုပ်နေတာပဲ ။

ပုံမှန်ဆိုရင် ဂျီမင်ကိုတစ်ချက်ကြည့် ၊ ဆံပင်လေး
တွေကို တစ်ချက်သပ်ပေး ၊ ရာသီဥတုအေးရင်
စောင်လေးခြုံပေးပြီး အိပ်ရာထနေကျဆိုပေမယ့်
ဒီနေ့မှာတော့ ဂျောင်ဂု မထသေးဘဲ ရင်ခွင်ထဲက
ခန္ဓာကိုယ်လေးကိုသာ ပွေ့ဖက်ထားရင်း ဆက်လှဲ
နေမိတယ် ။ နတ်ဆိုးပေါက်စလေး နိုးလာတဲ့အခါ
သူ့အပေါ် ဘယ်လိုမျိုး ပြုမူလိမ့်မလဲဆိုတာကိုလည်း
သူသိချင်သေးတယ် ။ အကျင့်ပါပြီး အရင်လို တွန်း
မထုတ်ဖို့လည်း သူမျှော်လင့်ပါတယ် ။

" အင်း~~~ "

မပီမသအသံနဲ့ လှုပ်ရှားလာတဲ့ ခန္ဓာကိုယ်လေးက
သူ့လက်နှစ်ဖက်ရဲ့ ပွေ့ဖက်မှုကြားထဲမှာ လူးလူး
လွန့်လွန့် ။ လှုပ်ရှားလာတဲ့ စိတ်အစုံကို ထိန်းသိမ်း
ထားရင်း အသံမပေးဘဲငြိမ်နေမိတော့ မျက်လုံး
ပွင့်လာပြီဖြစ်တဲ့ နတ်ဆိုးလေးက အကွာအဝေး
ဘယ်လောက်မှမကျန်တော့တဲ့ အနေအထားကနေ
သူနဲ့ အကြည့်ချင်းလာဆုံတယ် ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now