Chapter 1

21K 1.2K 222
                                    

/Unicode/

" ခမည်းတော်!! ခမည်းတော်!! "

အော်ကြီးဟစ်ကျယ်အသံပေးကာ အဆောင်ထဲကို
ရှူးရှူးရှဲရှဲနဲ့ ဝင်လာတဲ့ ဂျီမင်ကြောင့် သူရော
မယ်တော်ပါ နန်းဆောင်ဝကို လှည့်ကြည့်မိတယ်။

" ခမည်းတော်!!! ကျွန်တော့်ကို ထိမ်းမြားပေးမလို့ဆို! "

ဂျီမင်ဘက်က စိတ်ဆိုးနေသလောက် ခမည်းတော်
ကတော့ ချယ်ရီဝိုင်ကို အိန္ဒြေရရ တစ်ငုံမော့
သောက်သည်။

" ဘယ်ကသိလာတာလဲ "

" ဒီလောက် နန်းတော်တစ်ခုလုံး ပွထနေတာကို!!!
ကျွန်တော်တစ်ယောက်ပဲ မသိတာ!!! နေဦး!!!
မင်းရော သိသလား!!! "

ရုတ်တရက် သူ့ဘက်ကို လှည့်လာကာ မေးလာ
သည်မို့သူ ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခါ ဂျီမင်ရဲ့ ဒေါသကပိုဆိုးသွားပုံရကာ စားပွဲခုံကို လက်နှစ်ဖက်လုံးနဲ့ ဗြန်းခနဲ ရိုက်ချပြီး သူ့ကို အော်တော့သည်။

" မင်း သစ္စာဖောက်!!!! တစ်သက်လုံး လင်းနို့
ဖြစ်မယ့်ကောင်!!! "

နီးနီးလေးကို အော်ပြောနေတဲ့ ဂျီမင်ကြောင့် သူ
နားတွေတောင် အူလာသလိုပင်။ မယ်တော်ကတော့
ဂျီမင်ရဲ့ လက်ကို ဆွဲကာ အသာဟန့်တယ်။

" သားတော် ၊ ကိုယ့်အစ်ကိုတော်ကို အဲ့လို
မပြောရဘူးလေ "

" ပြောရမှာပဲမယ်တော်!! သူ ကျွန်တော်နဲ့ နေ့တိုင်း
တွေ့နေတာတောင် ကျွန်တော့်ကို တစ်ခွန်း
မပြောဘူး!! အဲ့ဒါ ကောင်းသလား!!! "

" ကျွတ်စ်!! စွတ်အော်မနေနဲ့ ပက်ဂျီမင်! ငါတောင်
အခုမှသိလာလို့ လာမေးနေတာ!!  "

သည်းမခံနိုင်တဲ့အဆုံး ကိုယ့်ရဲ့ အသံအား ကောင်း
ကောင်းကို အသုံးချကာ ဖြတ်အော်လိုက်တော့မှ
မျက်နှာဆယ့်ရှစ်ခေါက်ချိုးနဲ့ ခဏငြိမ်ကျသွားတယ်။

" ခမည်းတော် အဲ့ဒီ့သတင်းက အမှန်ပဲလား "

" အမှောင်လောကနဲ့ ကောင်းကင်ဘုံရဲ့ ကတိကဝတ်ကိုသားတော်တို့ သိတယ်မဟုတ်လား "

သူ့အမေးကို သွယ်ဝိုက်စွာဖြေတဲ့ ခမည်းတော်ရဲ့
အဖြေကြောင့် သူ သက်ပြင်းတစ်ချက်ချမိတယ်။
သူနဲ့ ဂျီမင်နဲ့ စိတ်ပူနေတဲ့ အကြောင်းအရာတွေ
တကယ်ဖြစ်လာပြီပဲ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now