Chapter 32

2.3K 279 99
                                    

/ Unicode /

" အထိန်းတော်ဂျောင် ဂျုံမှုန့် "

" ...... "

" အထိန်းတော်ဂျောင် သကြား "

" ...... "

" အထိန်းတော်ဂျောင် ရေ "

မင်းသားငယ် လက်ဖြန့်ကာ တောင်းနေသမျှကို
အထိန်းတော်ဂျောင် အပြေးအလွှား ရှာဖွေပြီး
ပေးရတယ် ။ စားဖိုမှူးကြီးအပါအဝင် မီးဖိုဆောင်မှာ
ရှိနေတဲ့ တခြားအစေခံတွေ အားလုံးဟာလည်း
ချောင်ကပ်ကာ လက်ကိုယှက်ပြီး မတ်တပ်ရပ်
ငြိမ်သက်လို့ ။ အပြင်ထွက်နေလို့ ရတယ်ဆိုတာကို
မနေရဲဘဲ လက်ဆမထိန်းနိုင်ဘဲ ဒုန်းဒုန်းဒိုင်းဒိုင်း
ဆူညံနေတဲ့ မင်းသားငယ်ကိုသာ အပြေးအလွှား
ကူညီနိုင်ဖို့ စောင့်ကြည့်နေကြတယ် ။ ဂျုံတစ်လုံးနဲ့
အလုပ်ရှုပ်နေတဲ့ မင်းသားငယ်ကတော့ နဖူးမှာ
ချွေးစလေးတွေတောင် သီးလို့ ။

" ကျစ်! ရေများသွားပြန်ပြီ ။ ပစ်လိုက်တော့
ဒီဂျုံစုတ်ကို "

ပျော့တိပျော့တွဲဖြစ်နေတဲ့ ဂျုံလုံးကို ဘေးဘက်ဆီ
ပစ်ထုတ်လိုက်တဲ့အတွက် အထိန်းတော်ဂျောင်မှာ
မတ်တပ်ရပ်နေတဲ့ အစေခံတွေထဲက တစ်ယောက်ကို
အမြန်ခေါ်ကာ ရှင်းခိုင်းလိုက်ရတယ် ။ မင်းသားငယ်
ဒေါသထပ်မထွက်လာခင် ( ပုံပျက်သွားတဲ့ ဂျုံကို
မင်းသားငယ်အခေါ် ) ဒီဂျုံစုတ်က မြင်ကွင်းထဲကနေ
ပျောက်နေမှဖြစ်မယ် ။

" စားဖိုမှူးကြီးကို ဂျုံလုပ်ခိုင်းရမလား မင်းသားငယ်။
ပြီးမှ ပုံဖော်တာကို မင်းသားငယ် သဘောကျတဲ့
အတိုင်း ကိုယ်တိုင်လုပ်ရင် ဘယ်လိုသဘောရပါလဲ "

" မလုပ်ခိုင်းနဲ့ ။ ကျွန်တော်ပဲ အစအဆုံးလုပ်မှာ ။
အဲ့ဒါမှာ ကျွန်တော့်လက်နဲ့ သေချာလုပ်ထားတဲ့မုန့်လို့
ပြောလို့ရမှာပေါ့ အထိန်းတော်ဂျောင်ရဲ့ "

ချွေးစက်လေးတွေရှိနေတဲ့ မင်းသားငယ်မျက်နှာက
ချစ်စရာကောင်းစွာနဲ့ ပြုံးတုံ့တုံ့လေး ။ အားတက်
သရော မုန့်လုပ်နေတာကို သူဆက်မတားတော့ဘဲ
ခေါင်းကိုသာညိတ်ရင်း ပြုံးမိတယ် ။ ဒီလိုကျတော့
လည်း မင်းသားငယ်က အရှင့်သားကို သိပ်ချစ်
တာပဲ ။ အရင်တုန်းက ပြဿနာရှာကာ အမျိုးမျိုး
ရန်စပြီး ဆိုးခဲ့တယ်ဆိုတာကို ကျိန်တွယ်ပြောမှပဲ
ယုံရမယ် ။ ချစ်ခြင်းမေတ္တာတွေ စစ်မှန်ခဲ့ရင်
ရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားကိုလည်း သူ
တစ်ခါတည်း လက်ခံသွားတယ် ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now