Chapter 10

3.1K 501 52
                                    

/ Unicode /

ဂျောင်ဂုတစ်ယောက် အစည်းအဝေးခန်းမထဲက
အလှည့်ကျအစီရင်ခံနေမှုတွေကို စိတ်မဝင်စားနိုင်ပဲ
နေမထိထိုင်မသာနဲ့ တကြွကြွဖြစ်နေတယ် ။
အကြောင်းက နီရဲတောက်လာတဲ့ လက်ပတ်လေး
ကြောင့် ။ ဒါက ဂျီမင်စိတ်ဆိုးနေကြောင်း ဖော်ပြ
နေတာဖြစ်တဲ့အတွက် သူ ဘာကိုမှစိတ်မဝင်စား
နိုင်တော့ပဲ ဂျီမင်ကိုရှာဖို့ပဲ စိတ်လောနေမိတယ် ။
အဲ့ဒါအပြင် အလယ်ကကျောက်အနီလေးနဲ့အပြိုင်
စူးရှနေတဲ့ကျောက်စိမ်းတုံးလေးတွေကလည်း သူ့ကို
ပိုပြီး နေရခက်လာစေတော့တာပဲ ။

တစ်နေရာရာမှာ တစ်စုံတစ်ယောက်နဲ့များ ပြဿနာ
တက်နေတာလား.....။ ဒါမှမဟုတ် ကောင်းကင်ဘုံရဲ့
အဝေးတစ်နေရာကို ရောက်နေပြီး ပြန်မလာတတ်
တော့လို့ ဒေါသတွေထွက်နေတာများလား.....။
လားပေါင်းများစွာသော မေးခွန်းတွေထဲမှာ မပါ
မဖြစ် ပါလာတဲ့အတွေးက ဒီနတ်ဆိုးလေး သူ့ကို
တမင်နေရခက်အောင်လုပ်နေတာလား ဆိုတာပဲ ။
ရှေ့မှာလည်း ခမည်းတော်နဲ့အလုပ်အကြောင်း
ဆွေးနွေးနေရင်းတစ်ခါ ၊ အစီရင်ခံစာတွေ ဖတ်နေ
ရင်းတစ်ခါ ထပြေးလာခဲ့ပေမယ့် ပျင်းလို့ဆိုပြီး
လုပ်ခဲ့တာလည်းရှိနေတာကိုး ။

ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ဂျီမင်အခုဘာဖြစ်
နေလဲဆိုတာကို သူ့မျက်လုံးနဲ့အတည်ပြုရမှပဲ
ကျေနပ်နိုင်လိမ့်မယ် ။ တမင်ဖန်တီးထားတဲ့
လုပ်ဇာတ်ဆိုရင်လည်း ပြီးမှရှင်းရင်ဖြစ်တာပဲလေ။

" ဒါဆိုရင်တော့ ခုနကပြောသလိုပဲ စီစဥ်ပေး
လိုက်ပါ ။ ကန့်ကွက်ချင်တဲ့လူ ရှိသေးလား "

" မရှိပါဘူး "

ခမည်းတော်ရဲ့ဆုံးဖြတ်ချက်ကို အားလုံးနည်းတူ
ပြန်ဖြေပြီးတာနဲ့ သိမ်းပြီဖြစ်တဲ့အစည်းအဝေးပွဲ
ကနေသူ အမြန်ဆုံးထလာခဲ့လိုက်တယ် ။ ကံကောင်း
ထောက်မစွာနဲ့ ကျေးဇူးပြုပြီး သူ့ကလေး မထိခိုက်
တာမျိုးပဲဖြစ်ပါစေ....။

~~~

" မင်းသားငယ် အဆင်ပြေပါရဲ့လား "

အပင်အောက်မှာထိုင်ပြီး အကြောင်းအရင်းမရှိ
ရှူးရှူးရှားရှားနဲ့ နှာမှုတ်နေတဲ့ မင်းသားငယ်ကြောင့်
အထိန်းတော်ဂျောင် ခပ်လန့်လန့်ဖြစ်နေရတယ် ။
နေ့လည်စာစားပြီးတဲ့အချိန်မှာ အရေးတကြီး
လုပ်စရာရှိတယ်ဆိုပြီး ဥယျာဥ်ထဲထွက်လာကာ
ဟိုးးချောင်ကျကျတစ်နေရာမှာ ဝင်ထိုင်ပြီး စိတ်တွေ
ဆိုးနေတာ​က တော်တော်လေးတော့ ကြာနေပြီ ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now