Chapter 24

3.3K 419 52
                                    

/ Unicode /

စိတ်ကြည်ကြည်လင်လင်နဲ့ နိုးလာတဲ့အချိန်မှာ
ပင်ပန်းတာတွေကလည်း ယူပစ်သလိုပျောက်သွား
ခဲ့ပြီ ။ စားပွဲပေါ်က ပန်းပင်လေးကိုလှမ်းကြည့်
မိတော့ သစ်ရွက်အစိမ်းတွေကြားမှာ နီနီရဲရဲပန်းလေး
2 ပွင့်တိတိ ။ ဒါဆို သူအိပ်ပျော်သွားတာ 2 ရက်
လောက်တောင်ရှိနေပြီပေါ့ ။ ကုတင်ပေါ်ကနေ
ထလိုက်ကာ ပန်းအိုးဘေးနားမှာ အဆင်သင့်ရှိနေတဲ့
ကြွေခွက်ငယ်လေးကိုယူပြီး အထဲကရေတွေကို
ပန်းပင်အပေါ် သူလောင်းလိုက်တယ် ။ ပန်းပွင့်
တွေရော သစ်ရွက်တွေရော ချက်ချင်းကြွေကျ
သွားကာ အညိုရောင်ပင်စည်နဲ့ သစ်ကိုင်းတွေပဲ
ကျန်ရစ်ခဲ့တော့တဲ့ အပင်လေးကို လောလောဆယ်
သူသုံးစရာမလိုတော့ဘူး ။

တစ်ခါတလေ သူအရမ်းပင်ပန်းလာတဲ့နေ့တွေဆို
ပန်းနတ်ဘုရားကင်ဆော့ဂျင်ရဲ့ မှိုပင်အကူအညီနဲ့
အိပ်ပျော်အောင်အိပ်နေကျ ။ အဲ့ဒီလိုအချိန်ဆိုရင်
ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ သိရဖို့
ဒီအပင်လေးကိုသုံးရတယ် ။ အိပ်မပျော်ခင်မှာ
ပန်းနတ်ဘုရားပေးထားခဲ့တဲ့ ဆေးရည်ကို အခုလို
သစ်ကိုင်းနဲ့ပင်စည်ပဲရှိတော့တဲ့ အပင်လေးကို
လောင်းလိုက်လို့ သစ်ရွက်ကလေးတွေ စထွက်လာ
ပြီဆိုရင် ရက်တွေစမှတ်ပြီပေါ့ ။ တစ်ရက်ကို
အနီရောင်ပန်းပွင့်တစ်ပွင့် ပွင့်တတ်ပြီး ကိုယ်နိုးလာ
လို့ ပွင့်နေတဲ့ပန်းပွင့်နှုန်းအရ ဘယ်နှစ်ရက်ရှိပြီလဲ
သိနိုင်တယ် ။

ပန်းအိုးလေးကို ထားနေကျစင်ပေါ်မှာပြန်သိမ်းကာ
ခြေလက်ဆေးပြီးမှ သူအခန်းအပြင်ကိုထွက်လာ
ခဲ့လိုက်တယ် ။ ထယ်ယောင်းဆီကို သွားရမယ် ။
အိပ်ပျော်နေခဲ့တဲ့သူတောင် ဒီလိုမျိုးတွေ့ချင်နေတယ်
ဆိုရင် 2 ရက်တိတိခွဲနေရတဲ့ သူ့ရဲ့ထယ်ယောင်လေး
ဆို အနမ်းတစ်ပွင့်လောက်တော့ လိုချင်နေမှာပဲ ။
ကိုယ့်အတွေးကိုယ် တစ်ချက်ပြုံးလိုက်ကာ သူ့ရဲ့
ခြေလှမ်းတွေကလည်း ပိုပြီးတက်ကြွလာတယ် ။
2 ရက်ဆိုတဲ့အချိန်အတိုင်းအတာမှာ စီရင်ခံစာတွေ
ပုံနေလောက်တာသိပေမယ့် လောလောဆယ်တော့
သူနတ်ဆိုးလေးကိုတွေ့ဖို့ပဲ အလျင်လိုနေတယ် ။

" အစ်ကိုယောင်း ငါ့ကိုကြည့်စမ်း "

အခန်းရှေ့ရောက်ရောက်ချင်း စူးခနဲထွက်လာတဲ့
အသံကြောင့် ဟိုဆော့ ခြေလှမ်းတွေ တုံခနဲဖြစ်သွား
တယ် ။ တစ်ချိန်တည်းမှာပဲ မျက်ခုံးတွေကိုစုကျုံ့ပြီး
တွေးမိတာ ဒီအသံကို သူကြားဖူးသလိုလို ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now