Chapter 9

3.5K 493 55
                                    

/ Unicode /

" မုန်လာစိုက်ခင်းက တော်တော်လေး ပျက်စီး
သွားတာပဲ "

​အစ်ကိုဟိုဆော့ရဲ့ အတည်ပြုသလို​အပြောကြောင့်
ဘေးမှာရှိနေတဲ့ နတ်ဘုရားငယ်က မြေပြင်ပေါ်မှာ
လဲတစ်ချို့ ထောင်တစ်ချို့ဖြစ်နေတဲ့ အပင်တွေကို
ဒေါသတကြီး ​လှမ်းကြည့်တယ် ။ ဝါးလေးပြန်
စာလောက်ရှိမယ့် စိုက်ခင်းအကျယ်ကြီးက သုံးပုံ
နှစ်ပုံလောက်တောင် ပျက်စီးသွားတဲ့အတွက်
နတ်ဘုရားငယ် စိတ်မဆိုးဒေါသမထွက်ရင်ပဲ
တစ်ခုခုမှားနေပြီလို့ ပြောလို့ရတယ် ။

" ကျွန်တော်အပိုပြောတာမဟုတ်မှန်း သခင်လေး
မြင်ပါရဲ့လား ။ ဒီစိုက်ခင်းလေးက အပိုဝင်ငွေ
ရအောင် ရှာကြံထားတာပါဆို လေနတ်ဘုရားရဲ့
မဆင်ခြင်မှုကြောင့် အခုဝင်ငွေမရတဲ့အပြင်
အရှုံးပါပေါ်တော့မယ် ။ သိပ်စိတ်ပျက်တာပဲ "

" ငါ လေနတ်ဘုရားကို အပြစ်ပေးပေးပါ့မယ် ။
လောလောဆယ် မင်းအဆောင်ထဲ ဝင်နှင့်ဦး ။
ဒီအပင်တွေကိုမြင်ရလို့ ဒေါသထွက်ပြီး စိတ်မထိန်း
နိုင်ဖြစ်ရင် သူ့အမှားက ကိုယ့်အမှားဖြစ်ဖို့
ရာခိုင်နှုန်းများလာလိမ့်မယ် "

" ဟုတ်ကဲ့ ။ သခင်လေးတို့ကို ပင်ပန်းစေမိလို့
အားနာပါတယ် "

ခေါင်းညွှတ်ကာနှုတ်ဆက်နေတဲ့ နတ်ဘုရားငယ်
အဆောင်ထဲဝင်သွားတော့မှ အစ်ကိုဟိုဆော့က
မျက်ခုံးပင့်ရင်း သက်ပြင်းအသာချတယ် ။
ဒီရက်ပိုင်းဖြစ်သမျှ အမှုအခင်းတွေ တော်တော်
များများက လေနတ်ဘုရားနဲ့သက်ဆိုင်နေမှန်း
ထယ်ယောင်း သတိတော့ထားမိတယ် ။ ပြီးတော့
လေနတ်ဘုရားကို ကိုင်တွယ်ဖို့ အစ်ကိုဟိုဆော့
စဥ်းစားနေတာကိုလည်း သူသိတယ် ။ သူ့အနေနဲ့
အစ်ကို့ကို တစ်ခုခုကူညီနိုင်ရင်တော့ တကယ်ကို
ကောင်းမှာပဲ ။ 

" ဒီကိစ္စကို ဘယ်လိုမြင်လဲထယ်ယောင်း ။ အစ်ကို
လေနတ်ဘုရားကို ဘယ်လိုအပြစ်ပေးသင့်လဲ "

သူ့အမြင်ကို အရေးတယူမေးနေတဲ့ အစ်ကို့ကြောင့်
ထယ်ယောင်း မသိမသာပြုံးမိသွားတယ် ။ ဒီလို
တိုင်ပင်တယ်ဆိုတာက တစ်နည်းအားဖြင့် အစ်ကို့
အနေနဲ့ သူ့ကိုသာမန်ထပ်ပိုရင်းနှီးနေပြီလို့ သတ်မှတ်
လို့ရတဲ့အတွက် ဂုဏ်ယူလောက်တဲ့ကိစ္စပဲ မဟုတ်
လား ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now