/ Unicode /
" ဆိုတော့ ၊ မင်း အိမ်ရှေ့စံကို စိတ်ညှို့လို့
ရခဲ့တယ်ပေါ့လေ ၊ အံ့သြစရာကြီး "တအံ့တသြလေသံနဲ့ ပြောနေမှုကို ဂျီမင်က ခေါင်း
သာငြိမ့်ပြတယ် ။ ပြီးတော့ နှာခေါင်းကနေ
လေထွက်ရုံရယ်ကာ ၊ ကြွေကျလာတဲ့ သစ်ရွက်
ခြောက်လေးကို ဆတ်ခနဲ လှမ်းဖမ်းပြီး တစ်ဂျွတ်
ဂျွတ်မြည်အောင်ခြေပစ်လေသည် ။သူတို့နှစ်ယောက် ထိုင်စကားပြောနေတဲ့ သစ်သား
ခုံတန်းလေးက အဆောင်ခြံဝင်းရဲ့ ထောင့်နားက
သစ်ပင်ကြီးအောက်မှာဖြစ်ပြီး ၊ သစ်ပင်ကကြွေကျ
လာတဲ့ အညိုရောင်သစ်ရွက်ခြောက်တွေနဲ့
တော်တော်လေးကို လှပတယ် ။ ပြီးတော့ ဒီနေရာက
အရှင်ယွန်းဂီရဲ့ အဆောင်နဲ့ဆို အနည်းငယ် လှမ်း
တာမို့ ၊ သူတို့စကားတွေကို အရှင်ယွန်းဂီရော
အရှင်ယွန်းဂီနဲ့ အတူရှိနေတဲ့ အိမ်ရှေ့စံရော ကြား
သွားမှာကို စိတ်ပူနေစရာ မလိုဘူး ။" ငါလည်း ရလိမ့်မယ်လို့တောင် ထင်မထားဘူး ။
ရခဲ့ရင် ဆိုတဲ့ စိတ်နဲ့ စမ်းကြည့်လိုက်တာ ။ အင်းးး
ပြောရရင် ငါ့ပုံစံက သိပ်ကြောက်စရာကောင်း
နေတာလည်း ပါတယ် "ထိုစကားကိုတော့ ယွန်မင်ခေါင်းငြိမ့်ထောက်ခံ
လိုက်သည် ။ ဟုတ်တယ် ။ သူတို့က သာမန်
ပုံစံမပြောင်းထားရင်သာ ကြည့်ကောင်းပြီး
သဘောကောင်းတဲ့ပုံပေါက်တာ ။ ပုံစံ ပြောင်း
လိုက်ရင် သိပ်ကြောက်စရာကောင်းတာလေ ။" အဟင်း ၊ ဒီလိုကျတော့လည်း ငါ့ရဲ့ စွမ်းအား
အတွက် ပိုပြီးဂုဏ်ယူရတယ် "ဂျီမင်ရဲ့ဂုဏ်ဆာနေတဲ့ မျက်နှာကိုကြည့်ပြီး ယွန်မင်
ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်နေမိသည် ။ ဂျီမင်ရဲ့
စိတ်ညှို့စွမ်းအားဟာ ဒီလောက်အထိကို
အစွမ်းထက်နေပြီ ။ ကိုယ့်ထက် စွမ်းအားရော
အသက်ရော နှစ်ဆလောက်ကြီးတဲ့ ၊ အိမ်ရှေ့စံလို
လူကိုတောင် ညှို့နိုင်တဲ့အထိ ။ နေ့နေ့ညည အချိန်
ပေးပြီး လေ့ကျင့်ခဲ့တဲ့အကျိုးရလဒ်ဟာ ၊ ဒီလောက်
ထိ ဖြစ်လာစေခဲ့ပြီပေါ့ ။" အဲ့ဒါကြောင့် ငါမင်းကို မပြောခဲ့ဘူးလား ယွန်မင် ၊
ငါနဲ့အတူတူ စိတ်ညှို့စွမ်းအား ကျင့်စဥ်ကို
လိုက်ကျင့်ပါလို့ ။ အဲ့ဒီ့တုန်းကသာ မင်း အပျင်းတစ်
မနေပဲ ငါနဲ့အတူတူလေ့ကျင့်ခဲ့ရင် ၊ အခုအချိန်ဆို
အတော်လေးဟန်ကျနေပြီ "
YOU ARE READING
𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏
Fanfictionဟိုးရှေးရှေးတုန်းက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေနဲ့ဟာ မမျှော်လင့်ပဲ တွေ့ဆုံချစ်ကြိုက်မိကြသတဲ့ ဟိုးရှေးရှေးတုန်းက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေနဲ့ဟာ မမျှော်လင့်ပဲ တွေ့ဆုံချစ်ကြိုက်မိကြသတဲ့ Main Couple: Jikook , Yoonmin , Vhope Side Couple: Namjin Start...