Chapter 19

3.3K 511 126
                                    

/ Unicode /

ဖန်တုံးနဲ့စာရွက်ကိုဖြန့်ကာ စုတ်တံကိုလှမ်းယူရင်း
ဟိုဆော့ စီရင်ချက်တစ်ချို့ ချရေးလိုက်တယ် ။
အစေခံနတ်သူငယ်တွေကို ညှင်းပန်းနှိပ်စက်ပြီး
ခန္ဓာကိုယ်ကိုပါ လိုသလိုအသုံးချနေတဲ့ အရှေ့
မြောက်ပိုင်းက မီးနတ်ဘုရားအတွက် ဒီထက်
သင့်တော်တဲ့ အပြစ်ဒဏ်မရှိတော့ဘူးလို့ သူ
ထင်တယ် ။

" မီးနတ်ဘုရားအတွက် စီရင်ချက်ချပါမယ် "

တာဝန်ရှိသူရဲ့စကားကြောင့် သူ့အရှေ့မှာ ဒူးထောက်
ထိုင်လာတဲ့ မီးနတ်ဘုရားကို ဟိုဆော့တစ်ချက်
လှမ်းကြည့်လိုက်တယ် ။

" မီးနတ်ဘုရားအတွက်အပြစ်ဒဏ်ဟာ ဘယ်သက်ရှိ
မှမနေတဲ့ လိုင်းဇက်ရေခဲတောင်မှာ 6 လ တိတိ ၊
နှစ်တစ်ဝက် သွားနေဖို့ပဲဖြစ်တယ် ။ 6 လစာ ရိက္ခာ
နဲ့အတူ ဒီညနေပဲထွက်ခွာရမယ် ။ လိုင်းဇက်မှာ
ဒီအတိုင်းမနေပဲ ကျူးလွန်ခဲ့တဲ့အမှားတွေကို
ပြန်လည်သုံးသပ်ပြီး ၊ ပြန်လာတဲ့အခါ နောက်ထပ်
တူညီတဲ့အမှားကို မကျူးလွန်ဖို့ မျှော်လင့်တယ် ။
မပြန်ခင်မှာ နစ်နာသူတွေကို တစ်ဦးချင်းသေချာ
တောင်းပန်ရမယ် "

" အမိန့်အတိုင်းပါ သခင်လေး "

သူ့ရဲ့တရားစီရင်ချက်အဆုံးမှာ မီးနတ်ဘုရားက
ခေါင်းကိုအသာညွှတ်တယ် ။ အခန်းထဲထွက်မသွား
ခင် မြင်လိုက်ရတဲ့ အနီရောင်မျက်လုံးတွေမှာ
သူ့ကိုမကျေနပ်ကြောင်းတွေပေါ်လွင်နေပေမယ့်
ဟိုဆော့ ဒီတိုင်းပဲလွှတ်ထားလိုက်တယ် ။ သူတစ်ပါး
ကို ထိခိုက်အောင်လုပ်ရရင်တော့ စိတ်အားရနေ
တတ်ကြပေမယ့် အပြစ်ခံယူရရင်တော့ တစ်မျိုး
ပြောင်းသွားတတ်တာက တစ်ချို့တွေရဲ့သဘာဝပဲ ။

" ထယ်ယောင်း ။ ပြီးရင်အစ်ကိုတို့ နေ့လည်စာ
သွားစားရအောင် "

" ကျွန်တော် မင်ယောင်းပါ သခင်လေး "

ဘေးကိုမော့မကြည့်ပဲ ပုံမှန်ပြောနေကျအတိုင်း
ပြောလိုက်ပြီးကာမှ မတူညီတဲ့အသံနဲ့ သတိပေး
စကားကြောင့် ဟိုဆော့ ထိတ်ခနဲသတိဝင်လာတဲ့
အဖြစ် ။

" အင်း ငါတို့ နေ့လည်စာသွားစားမယ် "

" အမိန့်အတိုင်းပါ သခင်လေး "

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now