Chapter 7

4.7K 656 168
                                    

/ Unicode /

" ဒဏ်ရာက ရှပ်ထိတာမို့ တော်ပါသေးတယ် ။
မြှားက လက်ဖဝါးကိုသာ တည့်တည့်စိုက်မိရင်
သုံးထားတဲ့ အဆိပ်ကြောင့် အသက်အန္တရာယ်ကို
တောင် စိုးရိမ်ရတယ် သခင်လေး ။ ဒီဆေးကို
တစ်နေ့သုံးကြိမ်နဲ့ နှစ်ရက်လောက်သာ ဂရုတစိုက်
ထည့်ပေးရင် ၊ လုံးဝ ပျောက်ကင်းသွားမှာပါ "

သမားတော်ကြီးပေးတဲ့ဆေးကို လှမ်းယူပြီး ဘေးက
စားပွဲပေါ်တင်လိုက်တဲ့ အစ်ကိုဟိုဆော့က သူတို့
ကို ကြည့်ကာ အားနာသလိုဆိုတယ် ။

" အစ်ကိုတော့ အလုပ်ပေးမိပြီထင်ပါတယ် ။
အကုန်လုံးရောက်ချလာတာပဲ "

" အော် အလုပ်ပေးတယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲ
အစ်ကိုရယ် ။ ကျွန်တော်ဆို သတင်းကြားကြား
ချင်း တကယ်စိတ်ပူသွားတာ "

မနက်စာစားပြီးလို့ ဂျောင်ဂု အလုပ်လုပ်တဲ့အဆောင်
ကို လိုက်သွားပြီး ၊ ဂျောင်ဂု စိတ်ဆိုးအောင် ဘယ်လို
လုပ်ရမလဲ ထိုင်တွေးနေတဲ့ အချိန်မှာ * သခင်လေး
ဟိုဆော့ လုပ်ကြံခံရလို့ * ဆိုပြီး လာပေးတဲ့သတင်း
ကြောင့် ၊ သူရယ် ဂျောင်ဂုရယ် ထယ်ယောင်းရယ်
ချက်ချင်းလိုက်လာတာ ။ ဒီကို သူတို့ရောက်တော့ 
ဒဏ်ရာကို ဆေးတောင် စည်းပြီးနေတဲ့အပြင် အရှင်
ယွန်းဂီနဲ့ယွန်မင်လည်း ရောက်နေတာကိုတွေ့လိုက်
ရတယ် ။

" ဘယ်လိုလဲ ။ ဒဏ်ရာက နာသေးလား "

အရှင်ယွန်းဂီရဲ့ အမေးကြောင့် အစ်ကိုဟိုဆော့က
လက်ဖဝါးက ပိတ်စအဖြူစည်းထားတဲ့နေရာကို
တစ်ချက်ကြည့်တယ် ။

" အေး နည်းနည်းတော့ နာသေးတယ် ။ ဒါပေမယ့်
ဆေးလည်းထည့်ထားတော့ သက်သာသွားမှာပါ "

" အဲ့ဒါကြောင့် ငါမပြောဘူးလား ။ အနားမှာ လူ
တစ်ယောက်ထားလို့ "

အရှင်ယွန်းဂီရဲ့ အပြောကို အစ်ကိုဟိုဆော့က
* လာပြန်ပြီ * ဆိုတဲ့ အဓိပ္ပာယ်နဲ့ မျက်မှောင်ကျုံ့ကာ
ခေါင်းခါတယ် ။

" ဘာလုပ်ဖို့လဲ ရှုပ်ရှုပ်ယှက်ယှက် ။ ငါလည်း ငါ့
ဘာသာငါ ကာကွယ်နိုင်ပါတယ် ။ အခုက ရုတ်
တရက်မို့လို့ "

" ဘာပဲဖြစ်ဖြစ် အခုဖြစ်သွားတယ် မဟုတ်လား ။
စောစောစီးစီးကတည်းက ငါတို့ပြောသလိုလုပ်ရင်
ပြီးနေတာကို ။ သမားတော်ကြီးပြောသွားတာ
မကြားဘူးလား ။ အခန့်မသင့်ရင် သေနိုင်တယ်တဲ့ "

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now