Naeyeonရဲ့ အဖွားမွေးနေ့ဆိုတာကြောင့်
Jennie ရော Chaeyoungကော ရောက်နေကြသည် အဲ့အပြင် Jisoo နဲ့ မန်နေဂျာ Unnie Minjuလည်း ပါသေးသည်Naeyeon ရဲ့ အဖွားအိမ်က seoulနှင့် မနီးမဝေးတွင်ရှိသည့် မြို့ငယ်လေးဖြစ်သည်.. အိမ်ရဲ့အပြင်အဆင် ပြီးတော့ ရပ်ကွက်အနေအထား
ကြည့်လိုက်တာနဲ့ Naeyeon က ချမ်းသာတယ့် မိသားစုက ပေါက်ဖွားလာမှန်းသိသာသည်"Jisoo..အရှေ့မှာ ဥယျာဥ်ရှိတယ်
ပျင်းရင် လမ်းလျှောက်ထွက်လေ..ပြီးမှငါဘာခေါ်မယ် "မွေးနေ့ပွဲအတွက် အကုန်လုံးက ပြင်ဆင်
ပေးနေပေမယ့် Jisooကတော့ ဘာမှ
မလုပ်တတ်တာမို့ ဘေးကသာ ရပ်ကြည့်နေရသည် အဲ့တာကို မြင်တယ့် Chaeyoung က ပြောလိုက်ခြင်းပင်..စောနက ရပ်ကွက်ထဲမှာ တွေ့ခဲ့တယ့်
ဥယျာဥ်လို့ထင်ပြီး jisoo ထိုဆီသို့
လျှောက်လာခဲ့သည် Naeyeon ရပ်ကွက်က တိတ်ဆိတ်ပြီး အေးချမ်းလွန်းလှသည်Jisoo ရပ်ကွက်ထဲက ဥယျာဥ်ကစားကွင်းလေးတစ်ခုရောက်တော့ ဒန်းပေါ်ထိုင်ပြီး တရှုံ့ရှုံ့ငိုနေတယ့် Jennjeကြောင့် သူ့ရဲ့ မျက်လုံးမှ ပြူးကျယ်သွားရသည် ခဏလောက် ငိုနေတယ့် Jennie ကို
မျက်တောင်မခပ်တမ်း ငေးကြည့်နေခဲ့မိသည် Jennieရဲ့ အကြည့်တွေ သူ့ဆီ
ရောက်လာကာမှ မသိချင်ယောင်ဆောင်ကာ
မျက်နှာလွဲလိုက်ရသည်အစက ဒီအတိုင်း ငိုနေတယ့် Jennieကို
မနှောက်ယှက်ချင်လို့ လှည့်ထွက်သွားဖို့
လုပ်ပေမယ့် ပိုပြီးငိုလာတယ့် Jennieကြောင့် သူ့ရဲ့ခြေလှမ်းတွေပြန်လှည့်ကာ Jennieရဲ့ ရှေ့မှာ ဒူးထောက်ထိုင်ပြီး လက်လေးတွေကို ညင်ညင်သာသာလေးဆုပ်ကိုင်လိုက်သည်သူ့ရဲ့ အပြုအမူကြောင့် Jennieကြောင်
သွားပေမယ့် ငိုချင်နေတယ့် စိ်တ်က
ထိန်းမရတာကြောင့် မြေကြီးပေါ်ဒူးထောက်လျက်သားထိုင်နေတယ့် သူ့ရဲ့ ပုခုံးပေါ်မှာ
မျက်နှာအပ်ကာ ငိုချလိုက်တော့သည်ခဏနေတော့ Jennieက သူ့ကို
မျက်ဝန်းကျယ်ကျယ်တွေနဲ့ ကြည့်လာပြန်သည်.. ငိုထားတာမို့ မို့အစ်နေတယ့်
မျက်လုံးလေးတွေက ချစ်စရာကောင်းလှသည်"ဘယ်လိုဖြစ်လို့ ဒီမှာလာငိုနေတာလဲ..ကြည့်ဦး ဥယျာဥ်ကြီးက ကြောက်စရာကြီးကို.. "