Jennie တရေးနိုးတုန်း ရေသောက်ချင်
တာနဲ့ မီးဖိုချောင်ဘက်ထွက်လာခဲ့သည် ၊ ရေသောက်ချင်တယ်ဆိုတာထက် Jisooများ မအိပ်သေးဘဲ ဧည့်ခန်းထဲရှိအုံးမလားပေါ့ ၊ ဒါပေမယ့် ဧည့်ခန်းထဲ ဘယ်သူမှ မရှိဘဲ တိတ်ဆိတ်နေသည် ၊ အခု Jennie သူ့ကိုယ်သူ ဘာတွေလုပ်နေမိလဲတောင် မသိတော့ပေ ၊"ဟာ..Kim Jennie ဘာတွေလုပ်နေမိပါလိမ့်.. "
Jennie..ကိုယ့်ခေါင်းကိုခေါက်ရင်း
သတိပေးလိုက်သည် ၊ ထိုသို့ အခါခါခေါက်ရင်း အခန်းထဲ ပြန်ဝင်ဖို့လုပ်တုန်း
အပြင်က စကားသံပွစိပွစိကြောင့် Jennie
အခန်းထဲ ပြန်မဝင်ဘဲ အိမ်တံခါးပေါက်ဘက်ရောက်လာခဲ့သည် ၊ညဉ့်နက်ပြီမို့ နည်းနည်းကြောက်ပေမယ့်
ဘယ်သူတွေများလည်း စပ်စုချင်သေးတာကြောင့် တံခါးကို ဖြေးဖြေးချငမး ဆွဲဖွင့်လိုက်သည်"ဘယ်သူတွေလည်း..ညနက့်ကြီးကို "
ထိုသို့တိုးတိုးရေရွက်ရင်း အိမ်တံခါးကို
ဆွဲဖွင့်လိုက်တော့...တွေ့ရတာက Chaeyoung နဲ့ Jisoo*သူတို့ဒီအချိန်ကြီး ဘာထိုင်လုပ်နေတာပါလိမ့် *
Jennie သူတို့ကို ဆက်ပြီး ချောင်းကြည့်
နေမိသည် ၊ သူတို့စကားပြောတယ့်အသံ
တွေကိုတော့ သဲသဲကွဲကွဲမကြားရပေ ၊ ဒါကြောင့် ပိုကြားရအောင် တံခါးနည်းနည်းထပ်ဟဖွင့်လုပ်တုန်း ရုတ်တရက်ကြီး Chaeyoungက Jisoo ကို ဖက်လိုက်တာကြောင့် jennie ခြေထောက်ခွေ
မကျအောင် မနည်းထိန်းရသည် ၊ သူ့ကိုယ်သူဘာဖြစ်နေတာလဲ
မသိပေ ၊ နှစ်ယောက်လုံးက ကိုယ်နဲ့မဆိုင်ပေမယ့် ရင်ထဲ မွန်းကြပ်လာသလို ခံစားရသည် ၊ ပြီးတော့ ငိုလည်းငိုချင်လာသည်*သူတို့နှစ်ယောက်က တွဲနေတာလား..ဒါကကော..ငါနဲ့သူနဲ့ နမ်းမိတော့မလိုဖြစ်သွားသေးတာပဲ..ငါက..ငါက သူကစားတာခံလိုက်ရတာလား..*
Jennie မျက်ရည်များလည်း စီးကျလာသည် မို့ အမြန်ထိုနေရာက ပြေးသွားလိုက်ရသည် ၊
တဖက်တွင်လည်း
အိမ်ထဲက ဖိနပ်သံကြောင့် Chaeyoung
Jisooကို ဖက်ထားရာက ခွာပြီး"ဒါ..ဒါဆို ငါသွားအိပ်တော့မယ် "
"Omm..ညဉ့်နက်တယ် အပြင်တော့
ခိုးမထွက်နဲ့တော့ "