ညစာစားပြီးသည်နှင့် နှစ်ယောက်အတူ
မြို့ထဲ ထွက်လာခဲ့ကြသည် ၊ ဒီနေ့ညတော့
ပြန်ဖို့ စိတ်ကူး သူတို့မှာမရှိတော့ပါ ၊
အတူတူ စျေးဝယ်ထွက်ပြီး ညဥ့်နက်ကာမှ အနီးအနားက Hotel တစ်ခုဆီကိုသာ သွားလိုက်သည် ၊ လက်ရှိနေနေတယ့် Hotel
က သိပ်မလွတ်လပ်ဖူးလို့ ခံစားရတာကြောင့်
ဒီညတော့ နှစ်ယောက်အတူ လွတ်လွတ်
လပ်လပ် နေရအောင် ုဖစ်သည် ။" Chu.....nini စိတ်ဆိုးနေတုန်းပဲ "
ရုတ်တရက်ပြီး ဆိုလာတယ့် Jennie ရဲ့
စကားကြောင့် jisoo မှာ ခေါင်းေထာင်
ခနဲ ဖြစ်သွားရသည် ။" ဟင်...nini ဘာကို စိတ်ဆိုးနေပြန်ပြီလဲ "
" ညနေက chu ကို ဟိုအတွင်းရေးမှူးမ
နမ်းတာကို မကျေနပ်သေးဘူး...၊ သူက
တစ်ခုခုတော့တစ်ခုခုပဲလို့ ခံစားနေရတယ်...
သူ chu ကိုကြိုက်နေတာထင်တယ် "" မဟုတ်တာ...niniရယ် အဲ့တာက
နေမကောင်းလို့ အသိစိတ်မဲ့ပြီး ဂယောင်ခြောက်ချား ဖြစ်သွားတာပါ ၊ ဒါကြောင့်
Nini...overthinking ေတွဖြစ်မနေနဲ့..."" ဒါပေမယ့် ခဏခဏ အဲ့လိုအတွေးတွေ
ဝင်နေတယ်.... chu သူ့ဆီပါသွားရင်
ဘယ်လိုလုပ်မလဲဆိုပြီး....၊ chu ကို
နောက်ထပ်ဆုံးရှုံးရမှာ nini ကြောက်တယ်သိလား...."မကြာခင် ငိုတော့မှာကို သိနေတာကြောင့်
Jisoo သောက်လက်စ Coffee ခွက်ကို
ဘေးချကာ ဝန်ရံတာမှ Jennieဆီသွားပြီး
အနောက်ကနေ ဖက်ထားလိုက်သည် ၊
ုပီးတော့ လည်တိုင်လေးကို ခပ်ဖွဖွလေး
အနမ်းပေးလိုက်သည် ။" စိတ်မပူပါနဲ့ niniရယ်....Chu က
Nini ကလွဲရင် ဘယ်သူ့ကိုမှ မချစ်ဘူး ၊
ဒါကြောင့် nini.. chu ကိုဆုံးရှုံးစရာ
အကြောင်းမရှိဘူးး...ဒါကြောင့်မို့
မျက်ရည်တွေ ထပ်မကျလာနဲ့တော့နော်..
Nini ငိုမှာကို chuတကယ်ကြောက်တယ် "ပြောပြီး ပုခုံးနှင့် လည်တိုင်ကြား
ခေါင်းလေးတိုးဝှေ့လို်က်သည့် jisooကြောင့်
jennie မှာ ကြက်သည်းမွေးညှင်းလေးတွေ
ထလာရသည် ၊ ဒါကြောင့် မခံစားနိုင်သည့်
အဆုံး အနောက် သိုင်းဖက်ထားသည့်
jisoo ရင်ခွင်ထဲမှ ထွက်ကာ မျက်နှာချင်းဆိုင် ရပ်လိုက်သည် ။