YOUT TITLE HERE 40

2.6K 192 66
                                    

" စားပြီးပြီကို ဘာလို့ ထပ်စားနေတာလဲ "

သူ့အတွင်းရေးမှူးနှင့်အတူ ထမင်းစားခဲ့ပြီးပြီ
ကို ပြန်ပြီး jennie နဲ့အတူ ညစာထပ်စားနေ
တယ့် jisoo ကို ကြည့်ပြီး Jennie ခပ်အေးအေး
ဆိုမိသည်

စားနေလိုက်တာမှ အားရပါးရပဲ

" chu က nini နဲ့မှ စားချင်တာလေ
စောနက စိတ်မပါတော့ စားမကောင်းခဲ့ဘူး "

" စောနက ပါလာတယ့်ဟင်းတွေက
ပိုအရသာရှိတယ်ထင်တယ် nini က အဲ့လောက်
ဟင်းမချက်တတ်ဘူး "

မျက်နှာကြော အေးစက်နေသည်မို့
jisoo ရာသီဥတု မကောင်းမှန်းသိသည်

စောနက တစ်လျှောက်လုံး သူ့အကြောင်းတွေ
ကြွားပေးထားတာကို ဘာလို့ စိတ်ကောက်နေတာလဲ

" ဒီလောက်ချက်တတ်ရင်ပဲ တော်ပြှီပေါ့
မဟုတ်ရင် chu ဂျပိုးနင့်သွားလိ်မ့်မယ် " .

" ခဏနေ သွားစရာရှိလို့ ပြန်တော့မယ် "

စားလတ်စ ထမင်းပန်းကန်ကို ယူကာ
Jennie ဟာ ရေဆေးဘေစင်ဆီ သွားဖို့ ပြင်တော့
jisoo က အနောက်ကနေ လှမ်းဆွဲလိုက်တာ
ကြောင့် ထမင်းပန်းကန်ပြားဟာ မြေပြင်ပေါ်
တစ်စစီ


" ဘာလုပ်တာလဲ ကျကွဲကုန်ပြီမဟုတ်လား "

ကြမ်းပြင်ပေါ်က ပန်းကန်ပြားစတွေကို လက်နဲ့
ကောက် မယ် ကြံနေတယ့် jennie ကြောင့်
Jisoo အမြန်လှမ်းတားလိုက်ရတယ်


မဟုတ်ရင် လက်တွေရှတော့မှာပဲ

" nini...လေသံက ဘယ်လိုဖြစ်နေတာလဲ
အေးတိအေးစက် နဲ့ chu နဲ့ စကားမပြောချင်
ဘူးလား "

" chu မရစ်နဲ့ကွာ "

" chu ရစ်နေတာမှ မဟုတ်တာ အကျိုးအကြောင်းကို မေးနေတာ ဘာလို့ chu ကို
အေးတိအေးစက် ပြောနေတာလဲဆိုတာကို
မေးနေတာ "

" အေးစက်တာမဟုတ်ဘူး အမှန်တိုင်းပြောရရင်
စိတ်မသက် မသာ ြဖစ်နေတာ "


" ဘာကိုစိတ်မသက် မသာ ဖြစ်နေတာလဲ "

" Chu ရဲ့အတွင်းရေးမှူး Lee Naeun ကိုပါ
Chu လည်း သိတာပဲ chu အပေါ် သူ့အပြုအမူ
တွေက ရဲတင်းလာသလိုပဲ "

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now