"Jisoo..နင်တို့တကယ်...."
ထိုစဉ် သူတို့ဆီ ပြေးလာတယ့် chaeyoung ကြောင့် Jennie ပြောလက်စစကားကို ရပ်လိုက်ရသည် ၊ စိတ်ရှိတိုင်းဆို အဲ့ Park chaeyoungကို ထုထောင်းလိုက်ချင်မိသည် ၊ သို့သော် အဲ့ Park chaeyoung ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနေတယ့် Kim Jisooကို ပိုပြီး
ထုထောင်းလိုက်ချင်သည် ၊ ရုပ်ကိုက ကျေနပ်နေတယ့် ရုပ်ကြီးနဲ့"ဘာလို့ အနောက် မှာကျန်နေခဲ့တာလဲ "
Chaeyoungက နှစ်ယောက်သားရဲ့
အလယ်ထဲဝင်ပြီး Jisooရဲ့ လက်အား
ချိတ်ကာ ပြောသည် ၊Jisoo ကတော့ ဘာမြှပန်မဖြေဘဲ
ပြုံးသာ ပြုံးနေသည် ၊ Jennieမှာ သုံးယောက်သား ယှဉ်တွဲပြီး မလျှောက်ချင်တာမို့ သူတို့အနောက်ကသာ ဝင်လျှောက်လိုက်ရသည် ၊သူတို့နှစ်ယောက်ရဲ့ အနောက်ကပါလာ
တယ့် Jennieကလည်း ပေါ့သေးသေးမှမဟုတ်တာ ၊ တဟီးဟီးတဟားဟား ဖြစ်နေတယ့် jisooရဲ့ ဂျာကင်ထဲ လက်ကို လျိုဝင်၍ နာနာလေး ဆွဲဆိတ်လိုက်တော့ တုံ့ခနဲရပ်သွားရှာသည်"ဘာဖြစ်တာလဲ..."
Chaeyoung မေးသည်
"မဟုတ်ပါဘူး..."
ထိုသို့ဖြေလိုက်ရင်း အနောက်ကို မသိမသာ
လေးလှည့်ကြည့်လိုက်တော့ Jennie တစ်ယောက် သူ့ဆီကို လေဆာတွေ ပစ်နေတာမြင်ပြီး ကြက်သီးတဖြန်းဖြန်းထသွားရသည်*အာ....ဒီနှစ်ယောက် အနောက်က
ဆောင့်ကန်လိုက် မှ ဟုတ်နေတော့မှာပဲ *အတွေးနဲ့အတူ လက်တွေ့ဆန်ချင်နေတယ့်
ခြေထောက်ကို Jennie မနည်းသည်းခံပြီး
ထိန်းထားရသည်ထိုစဉ်
*📱*
" Unnie ဆီကပဲ "
Jisoo ရဲ့ စကားကြောင့် Jennie
မျက်ခုံးနှစ်ဖက်လှုပ်သွားရပြန်သည်*Unnie...ဘယ်က Unnieလဲ
သူ့ Unnieအရင်းကိုပြောတာလား..ဒါမဗမဟုတ် အသိ Unnieလား..ဒါပေမယ့် ဘာလို့ Contact nameဘေးမှာ အသဲပုံပါနေတာလဲ..ပုံမှန်ညီအစ်မတွေဆို သတ်နေကြတာကို...အသဲပုံထည့်တာဘာ သဘောလဲ *Jisoo ဖုန်းထုတ်လိုက်ကတည်းက အနောက်ကနေ Contact nameဘေးက
အသဲပုံကို သဲသဲကွဲကွဲ မြင်လိုက်ရတာ
ကြောင့် Jennie အတွေးပေါင်းများစွာနဲ့
ရှုပ်ယှက်ခက်နေသည် ၊