ညနေကျရင် တည်းနေကျ Hotel
ပြန်ကြမယ်လို့ ဆုံးဖြတ်ထားပေမယ့်လည်း
အခုတော့ ဘေးနားကအမူးသမားလေး
ကြောင့် ဘယ်လိုမှပြန်လို့ရမှာမဟုတ်တော့
ပေ ။နှစ်ယောက်အတူ မုန့်စားနေရင်းမှ
ရုတ်တရက်ကြီး Jisooရဲ့ မိတ်ဆွေနှင့်
တွေ့ပြီး စကားကောင်းသွားတာမို့ အနားက
Jennieမှာ သူ့ကိုပစ်ထားတယ်ဆိုပြီး
စိတ်ကောက်ကောက်နှင့် Jisooကိုရွဲ့ကာ
ဝိုင်တွေ တရစပ်သောက်ပစ်လိုက်ခြင်း
ုဖစ်သည် ။အမူးသမားလေးက အငြိမ်မနေပဲ
jisoo ကို ပွစိပွစိပြောလိုက် လက်ကအငြိမ်
မနေပဲ ဆွဲစိတ်လိုက်လုပ်နေတာကြောင့်
jisooမှာ စိတ်ညစ်ညစ်နဲ့ ကားကို
လမ်းဘေးချရပ်ရလိုက်သည် ။" တကယ်ပါပဲ...မူးရင်လည်း
အိပ်နေပါတော့လား...."jisoo လည်း Jennie ရဲ့ နဖူးပေါ်က
ေချွးစလေးတွေ သုတ်ပေးရင်းပြောလိုက်
သည် ၊ ကားထဲ အဲယားကွန်းလည်း
ဖွင့်ထားပေးတာကိုတောင် အမူးသမားလေးက ချွေးစတွေထွက်နေသေးသည် ။Jennie မှာလည်း မူးနေတာကြောင့်
သူ့ရှေ့က လူကိုတောင် ဘယ်သူလည်း
မမှတ်မိတော့ပေ ။" Oops...ချောလိုက်တာ.....ဒါနဲ့
ရည်းစားရှိလားဟင်..."မူးမူးရူးရူးနဲ့ လျှောက်ပြောနေသည့်
Jennie အား Jisoo မှာ ရယ်ရခက်ငိုရခက်သာ..." မေးနေတယ်လေ...ရည်းစားရှိလားလို့..."
" nae. ..ရှိပါတယ်..."
ထိုအခါ Jennie မှာအလိုမကျသည့်
မျက်နှာထားနှင့်..." ငါ့မှာလည်း ရှိတယ်..
ငါ့ရည်းစားကလေ ငါ့ကိုအရမ်းဂရုစိုက်တာ...
အရမ်းလည်းသဘောကောင်းတာသိလား..
ဘယ်သူလည်းဆိုတာ နင်ပြောလည်း
သိမှာမဟုတ်ပါဘူး....ဝါးးးး "ရည်းစားအကြောင်း ကြွားပြီးတာနှင့်
ခေါင်းငိုင်ငိုင်စိုက်ကျကာ အိပ်ပျော်သွား
သည့် Jennie အားကြည့်ရင်း jisoo
မှာ ကြည်နူးမဆုံးဖြစ်နေရသည် ။••••••••••••
Taeyeon unnie ရဲ့ လက်ထပ်ပဲွဲပြီးတာနှင့်
Jisoo ဟာ နောက်တစ်ရက်တောင်
မနေတော့ဘဲ ချက်ချင်း Korea ကို ပြန်
လာသည် ၊ အရင် တပတ်ထဲက Jennie
က သူ့အလုပ်ကိစ..တွေ ပြီးသွားတာကြောင့်
အရင်ပြန်နှင့်သွားသည် ၊ ဒါကြောင့်
Jisoo မှာ Korea က ချစ်သူလေးကို
အတော်လေးလွမ်းနေပြီဖြစ်တာကြောင့်
အမြန်ပြန်လာခဲ့ရသည် ။