.
စားသောက်ဆိုင်ဆီ သွားတယ့်
တစ်လျှောက်လုံး Jisoo က သူ့ရဲ့
လက်ကို မလွှတ်တာကြောင့် Jennie
ပြုံးပြုံးကြီးနှင့်ပင်ပါလာသည်တစ်ချက်ချက်ဆို လက်လေးကို
တဖွဖွ နမ်းနေတတ်သေးသည် ၊ ပြီးတော့
ချစ်တယ်လို့လည်း တဖွဖွပြောသည်နှစ်ယောက်သား ဘိုကင်လုပ်ထားတယ့်
အခန်းအထိလက်တွဲမဖြုတ်ဘဲ သွားကြသည် ၊ ဆိုင်အနေအထားက ခန်းနားပြီး
တော်ရုံလူမလာနိုင်တာမို့ စိတ်ချရသည်
ဒီဆိုင်ကို အကြံပေးတယ့် Seulgi
ကိုပဲ ကျေးဇူးတင်ရတော့မလိုပင်"ငါ့..ချစ်သူလေးက ချစ်ဖို့ကောင်း
လိုက်တာ "စားပွဲပေါ် မေးထောက်ကာ သူ့ကို
စေ့စေ့ကြည့်နေတယ့် သူကြောင့် Jennie
ရှက်ပြီး ပါးလေးတွေ နီရဲလာသည်"တအားမျက်နှာရူးတာပဲနော် "
"ချစ်တာကြောင့်ပါ...."
မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ့်
Jennie ရဲ့ပါးလေးကို ဖိညစ်ရင်း
ပြောသည် ၊"Chu...ဟိုမှာ ရိုက်ကူးရေး
လုပ်နေတာထင်တယ်.."မှန်ပြတင်းပေါက်ကနေ အပြင်ကို
လှမ်းငေးရင်း Jennie ပြောလိုက်သည် ၊
Jisoo လည်း ပြတင်းပေါက်နား တိုးကာ
သွားကြည့်လိုက်သည်"Nini...Chaeyoungကောပါတယ်
ကြည့်ရတာ အင်တာဗျူးလုပ်နေတာထင်
တယ် "Jisoo က အေးအေးဆေးဆေးနဲ့သာ
အပြင်ငေးရင်း ပြောပေမယ့် Jennie
မှာတော့ ငေါက်ခနဲ ထထိုင်လိုက်ပြီး.."Niniတို့ကို မြင်သွားရင်
ဘယိလိုလုပ်မလဲ..."စိုးရိမ်ပူပန်စွာနှင့်ပြောသည်
"စိတ်မပူပါနဲ့..ကလေးရယ်
ဒါက သီးသန့်ခန်းပါ...""ဟုတ်သားပဲ...နော်..
Niniလည်း သဘတ်ခါဆို အလုပ်
တွေ ပြန်စလုပ်ရတော့မှာ....""အဲ့ဆို..Chuတို့ မတွေ့ရတော့ဘူးပေါ့ "
"Ommလေ..Chuကလည်း Companyမှာ
ဆိုတော့ ဘယ်လိုလို့ တွေ့ရမှာလဲ..Nini
ကလည်း Sechdule တွေ ကြပ်တော့
မှာ..နားရက်ယူထားတော့ "