YOUR TITILE HERE 14

2.4K 233 21
                                    

Nayeonမှ ညဈေးတန်းသွားချင်သည်
ဆိုတာနဲ့ အကုန်လုံး ညဈေးတန်းဆီ လျှောက်လာခဲ့ကြသည် ၊ Chaeyoungကတော့ ဗိုက်အောင့်တယ်ဆိုပြီး နေခဲ့သည် ၊ အခုအတူလာတယ့်သူကတော့ Jisoo ၊ Jennie ၊ Nayeon ၊ မန်နေဂျာ Unnieရယ်သာ...

မန်နေဂျာ Unnie နဲ့ Nayeonတို့ကတော့
ကလေးတွေလို အရှေ့က ပျော်ပျော်ရွှင်ရွှင်
သွားနေပြီး Jisoo နဲ့ Jennie နဲ့ကတော့
အနောက်ကနေသာ အရှေ့ကနှစ်ယောက်ကို
ကြည့်ပြီး လျှောက်လာကြသည်

အရှေ့က နှစ်ယောက် ခုန်ပေါက်နေတာကို
ကြည့်ပြီး Jisoo ပြုံးနေရာက Jennie
ဘက်ကို လှည့်ကြည့်တော့ အနည်းငယ်
ဝမ်းနည်းနေတယ့်ပုံပေါ်နေသည်

"Jennie...ဘာုဖစ်လို့လဲ "

"ဘာမှမဖြစ်ပါဘူး "

"မလိမ်စမ်းပါနဲ့ဟာ..နင့်မျက်နှာကြည့်တာနဲ့
ငါသိတယ် "

Jisoo ရဲ့စကားကြောင့် Jennie
မျက်ခုံးပင့်လိုက်ပြီး ရယ်ကာ

"ဒီအတိုင်း နည်းနည်းဝမ်းနည်းလာလို့ပါ
ဘာမှ အထွေအထူးမဟုတ်ပါဘူး "

မျက်ရည်ကျမလိုဖြစ်နေတာကြောင့် Jennie ကြိုးစားပြီး ပြုံးလိုက်သည် ၊ ထိုအချိန်မှာပဲ Jisooက Jennie ရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ပြန်ပြုံးပြလိုက်သည်

"ဝမ်းမနည်းပါနဲ့..ငါနင်ဝမ်းနည်းတာမမြင်ချင်ဘူး "

Jennie ဘာမြှပန်မတုံ့ပြန်နိုင်ပဲ Jisoo
ဆုပ်ကိုင်ထားတယ့် သူ့လက်ကိုသာ ငေး
နေမိသည် ၊ Jennieရဲ့ ရင်တွေ တဒိတ်ဒိတ်လည်း ခုန်နေသလိုကက်သီးတွေလည်း တဖြန်းဖြန်းထနေသည် ၊ Jennie ဘဝမှာ ဒီလိုခံစားချက် မျိုးက ပထမဆုံးပင်

"အေးတယ်မဟုတ်လား..နင့်လက်တွေအေးစက်နေတာပဲ "

Jisoo ထိုသို့ပြောရင်း Jennieရဲ့
လက်တွေကို ဆုပ်ကိုင်ရင်း သူ့အနွေးထည်
အိတ်ကပ်ထဲ ထည့်ထားလိုက်သည် ၊ jennieကတော့ ဘာမှ မပြောနိုင်ဘဲ
ကြောင်အမ်းအမ်းသာ ဖြစ်နေသည်


"Jisoo..."

"ဟင် "

"နင့်မိသားစုလျို့ဝှက်ချက်ကို ငါပဲသိတာလား "

"Omm...နင်ပဲသိတာ...ငါ့သူငယ်ချင်းအရင်းကြီးတွေရယ် နင်ရယ်ပဲသိတာ "

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now