"လာ..အတူတူဝင်ကြတာပေါ့ "
ထိုိသို့ဆိုရင်းအိမ်ထဲဝင်ဖို့ပြင်တုန်းရှိသေး
အနောက်က ရောက်လာတယ့် Naeun
ကြောင့် နှစ်ယောက်လုံးတုန့်ခနဲ ရပ်သွားရ
သည်" အော်..Naeun ဘာဖြစ်လို့လဲ "
Jennie ကို သူ့အနောက်တွင်
ကွယ်ထားလိုက်ရင်း ပြောလိုက်သည် ၊
တခြားသူတွေ
Jennie ရဲ့ မျက်နှာကို မြင်သွားလို့
မဖြစ်ပေ" ဟို...Chaw ဆီမှာ Coat ကျန်နေခဲ့
တာ..Taxi ပေါ်မှာမှ သတိရလို့ ပြန်လှည့်ခဲ့တာ "ထိုိသို့ပြောရင်း လက်ထဲက Coatကို
Jisoo ဆီပေးလိုက်သည် ၊"အော်..ကျေးဇူး... ငါမေ့သွားတယ် "
"ဟုတ်ကဲ့..ဒါဆို Chaw သွားလိုက်အုံးမယ်.. "
Naeun ပြုံးပြရင်း လှည့်ထွက်လာပေမယ့်
Jisoo ကို ကျောခိုင်းလိုက်တယ့် အချိန်
မှာတော့ မျက်နှာအမူအယာကချက်ချင်း
ပြောင်းလဲသွားသည် ၊ Jisoo ကို
မိန်းကလေးတစ်ယောက်နဲ့ တွဲတွေ့လိုက်
တာကြောင့် ဖြစ်သည်* ဘာလဲ..အနောက်က သူ့ချစ်သူလား *
* အတူတူနေကြတာလား *
* အဲ့တစ်ယောက်ရှိမနေရင် ငါ Kim Jisoo ကို တစ်ခုခုကြံလို့ရသေးတယ် *
* စိတ်ပျက်လိုက်တာ..မြန်မြန်ပျက် မှ
နားအေးမှာပဲ *တဖက်တွင်လည်း Jennie ကဆူပုတ်ပြီး
တွဲထားတယ့် လက်ကိုဖြုတ်ချကာ" သူ့ဆီမှာ ဘယ်လိုလို့ ကျန်နေခဲ့တာ
လဲ "" မသိဘူးလေ..Chuက Companyရောက်ထဲဲက ချွတ်ထားတာ.. အထဲက Coat
တစ်ထပ်ဝတ်ထားတာကို အပြင်ကပါ
အဲ့ Coatရှည်ကြီးမဝတ်ချင်ပါဘူး ""အတွင်းရေးမှူးနဲ့ ဇာတ်လမ်းစမယ်
ကြံလို့ကတော့ KIM JENNIEအကြောင်း
ကောင်းကောင်းသိမယ် "အိမ်ထဲမဝင်သေးဘဲ ခြံဝမှာတင်
သူ့ကိုလက်သီးရွယ်ပြီး ခြိမ်းခြောက်နေတယ့်
ကောင်မလေးကြောင့် Jisooမှာ ပြုံးပြုံးကြီးနှင့် ခေါင်းညိမ့်နေရသည် ၊
ကြောက်အောင်
ခြိမ်းခြောက်နေတယ်ဆိုပေမယ့် သူ့
မျက်လုံးထဲ အတော်လေးချစ်ဖို့ကောင်း
လှသည် ၊