YOUR TITLE HERE 22

2.3K 214 49
                                    



" ချင်းဂူးလေး..."

ခပ်ချွဲချွဲအသံကြောင့် Seulgi
တံခါးဝဘက် လှည့်ကြည့်လိုက်တော့
သူ့ဆီလက်ကြီး ဆန့်တန်းပြီး လာနေ
တယ့် Jisoo

သေချာပါတယ် သူအရိုးကြေတယ့်
အထိ ဖက်တော့မှာ

" ဘယ်လိုဖြစ်လို့ နှစ်ပတ်ကြီးတောင်
ပျောက်သွားရတာလဲ..အရူးမက
တကယ်..နင်....မရှိတော့ အိမ်ကြီးက
ခြောက်ကပ်ကပ်နဲ့ ဟင့် "

အသားကုန်ငိုချရင်း အော်နေတယ့် Seulgiကြောင့် Jisooမှာ ကျော ပြင်လေးကို ပွတ်သပ်ပေးပြီး ချော့နေရသည်


"အခုတောင် သည်းကြီးမဲကြီး
နောက်ပိုင်း...ငါလက်ထပ်သွားရင်
နင်ဘယ်လိုနေမှာလဲ...ဝက်ဝံစုတ်ရ "

"နင့်လိုလူမျိုးက လက်ထပ်ဖို့
မပြောနဲ့ ရည်းစားတောင် ရမှာမဟုတ်မှန်း
ငါသိတယ်..."

Seulgiရဲ့ ရီသံနှောနေတယ့် စကား
ကြောင့် စောနက ချော့ချင်စိတ်တွေတောင်
ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည် ၊

ဒါကြောင့် မျက်နှာကြီးမဲ့ရှုတ်မဲ့ကာ Seulgi ဆိုဖာပေါ်တွန်းချလိုက်ပြီး

"Niniရေ..ဝင်ခဲ့ပါ "

အပြင် တံခါးကို ကြည့်ရင်း
အော်နေတယ့် Jisooကို Seulgi
ဘာမှ နားမလည်တာကြောင့်
အူကြောင်ကြောင်နဲ့သာ  ထိုင်ကြည့်
နေရသည်

ထိုအချိန်မှာပဲ အိမ်ထဲဝင်လာတယ့်
လူကြောင့် Seulgiမှာ ပါးစပ်
အဟောင်းသားဖြစ်ရသည် ၊
Chaeyoung နဲ့သာ ရင်းနှီပေမယ့်
Jennie ကိုတော့ ထိုသို့မရှိပေ

"ဝက်ဝံစုတ် နှုတ်ဆက်လိုက်
ဒါငါ့ရဲ့ ချစ်သူ "

"ချစ်...ချစ်သူ "

စကားမထစ်ထစ်နဲ့ မယုံနိုင်မကြည်နိုင်ဖြစ်
နေတယ့် Seulgi ကြောင့် Jisoo
တစ်ချက်ပြုံးလိုက်သည် ၊ အခုလို Jisoo
နဲ့ အမြဲ တကျက်ကျက် ဖြစ်နေတယ့်
Jennie နဲ့ ချစ်သူတွေ ဖြစ်နေတာကို
သူယုံနိုင်မှာမဟုတ်

"ကျန်တာ နောက်မှ ရှင်းပြမယ်..အခုတော့..ငါ့ချစ်သူလေး နေမကောင်းဘူး "


Jennie ရဲ့ ပုခုံလေးပေါ်လက်တင်ကာ
ပါးလေးအား တစ်ချက်နမ်းလိုက်သည် ၊
ထို့နောက် Jennie လည်း Seulgiကို
ခါးညွန့်နှုတ်ဆက်ပြီးမှ အခန်းထဲ
ဝင်လာခဲ့သည်

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now