ခဏကြာမှ သူ့ကိုယ်သူ သတိရကာ
ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာ
သွားသစ်
လိုက်သည် Jennieကို ဘယ်လောက်
ကြာကြာ ထိုင်ငေးခဲ့မိလည်း သူ့ကိုယ်
သူတောင် မသိတော့ပါ
အမှတ်မရှိသလို ခုန်နေတယ့်
နှလုံးသားကိုလည်း သူမုန်းမိသည်
မူးနေရင် ဘာမှမသိတော့တယ့် သူ့အကျင့်
ကြီးကိုလည်း တကယ်မုန်းမိသည်Jennie ကြည့်ရတာ အေးအေးဆေးဆေး
ဖြစ်နေလွန်းတယ်
ကြည့်ရတာ သူ့အတွက် ခံစားချက်တွေ
မရှိတော့ဘူးထင်ပါရဲ့
ဟုတ်ပါတယ်လေ သူကသာ
စကားတောင် ဖြောင့်ဖြောင့် မပြောနိုင်
လောက်တယ့်အထိ ရင်တွေခုန်နေတာ
စောနကလည်း သူ့ကို
သာမာန်အသိတစ်ယောက်လိုပဲ
ပြောဆိုနေသလို ခံစားရတယ်" ဟူး...ငါနောက်ဆို
အရက် မသောက်တော့ဘူး..."သက်ပြင်းရှည်ရှည်တစ်ချက်ချရင်း
မှန်ရှေ့တွင် ရေရွက်လိုက် မိသည်ခဏနေ သူအခန်းပြင် ထွက်လာတော့
Jennie ကချက်ပြုတ်နေတုန်းပင်
ဒါကြောင့် မျက်နှာချင်းဆိုင်က
ခုံမှာ ဝင်ထိုင်လိုက်ရင်း
သတိလက်လွတ်စွာ ဟင်းချက်နေတယ့်
Jennie ကို မသိမသာကော ပေါ်တင်ကော ငေးမိသွားသည်
အဲ့လိုငေးမိလောက်တယ့်အထိ
Jennie က လှလွန်းသည်
မုန်းဖို့ကောင်းစွာုဖင့်.."နင်..ဒီနေ့ Schedule မရှိဘူးပေါ့ "
" အင်း..မရှိဘူး ဘာလို့လဲ "
"Arnyi..."
စကားအဆုံး
နှစ်ယောက်ကြား တိတ်ဆိတ်မှုကြီးက
ပြန်ဝင်လာတာကြောင့်
Jisoo အရှေ့က စွပ်ပြုတ်ကိုသာ
ကုန်းသောက်နေမိသည်နေရခက်လွန်းလို့..အငွေ့တောင်
ပျံသွားချင်မိသည်" ဟို...နင့်လက်ရာက တကယ်
ကောင်းလာတာပဲ...ဒီ အတောအတွင်း "" အရင်ကကော မကောင်းတာကျနေတာ
ပဲ "နှုတ်ခမ်းကို တစ်တောင်လောက်
ထော်ပြီး ရန်တွေ့နေတယ့် jennie
ကြောင့် သူ့ကိုယ်သူတောင်မသိဘဲ
jisoo ပြုံးလိုက် မိသည်
အရင်အတိုင်း ထစ်ခနဲဆို ရန်တွေ့တတ်
တယ့်အကျင့်လေးလည်း မပြောင်းလဲ
သေးဘူးပဲ