YOUR TITLE HERE 10

2.4K 212 12
                                    

Unicode

Jisoo....နှင်းဖြူဖြူတွေကျနေတယ့်
အချိန် ၊ ခုံတန်းလေးပေါ်မှာ တစ်စုံတစ်
ယောက်ကို စောင့်နေခဲ့သည် ၊ ဖြတ်သွားဖြတ်လာလူတွေကလည်း အကုန်လုံး
အတွဲကိုယ်စီနှင့်သာရှိကြသည်

Jisoo..ရာသီဥတု အေးလွန်းလို့ လက်နှစ်ဖက် အိတ်ကပ်လေးထဲ ထည့်ထားပြီး
မြေပြင်ပေါ်က နှင်းဖြူတွေကိုသာ ငုံ့ကြည့်နေခဲ့သည်..

"စောင့်ရတာကြာသွားလား..miyannae"

Jisoo အသံလာရာဆီ မော့ကြည့်လိုက်တော့ သူ့ကိုနှစ်လိုဖွယ်အပြုံးနဲ့ ပြုံးပြနေ
တယ့်ကောင်မလေး ၊ Jisoo ပြန်ပြုံးပြ
လိုက်သည်

"Arnyi...ခုနကမှရောက်တာ
အခုရာသီဥတု အရမ်းအေးတယ်နော် "

Jisoo.. သူမရဲ့ လက်ချောင်းလေးတွေ
ကြားထဲ မိမိရဲ့ လက်ချောင်းလေးတွေ
ထည့်လိုက်သည် ၊ ပြီးတော့ သူမရဲ့ ပါးကို
ခပ်နွေးနွေး အနမ်းတစ်ခုပေးလိုက်သည်

သူမကတော့ ရှက်သွားသယောင်နဲ့ Jisoo
ရဲ့ ပုခုံးကို လက်နဲ့ထုရင်း

"လူတွေရှိတယ်လေ..faboရဲ့.."

Jisoo..နီရဲနေတယ့် သူမရဲ့ပါးဖောင်း
ဖောင်းလေးကို လက်နဲ့ ဖိလိုက်သည်

"ရှိတော့ဘာဖြစ်လဲ..Jenရဲ့.. "

*အားစ်..နာတယ်ဟ *

သူ့လက်ကို တစ်ဖြန်းဖြန် ရိုက်ချလိုက်တယ့်
Seulgi ကြောင့် Jisoo အိမ်မ က်ထ
နိုးထလာခဲ့သည်..

Seulgiကတော့ ဘာမှ မဖြစ်သလိုပင်
ပြန်အိပ်သွားပေမယ့်..Jisoo ကတော့
ငုတ်တုတ်ကြီး ထထိုင်လိုက်ပြီး ကိုယ့်နှုတ်ခမ်းကို ပြန်စမ်းကြည့်ရင်း အိမ်မ က်ထဲက ပုံရိပ်တွေကို မြင်ယောင်လာခဲ့သည်

"What..the fu*k..ဘယ်လိုလို့
အဲ့အရိုင်းအစိုင်းက ငါ့အိမ်မ က်ထဲရောက်
လာတာလဲ?...ပြီးတော့..ငါ..ငါက
သူ့ကိုနမ်း..အဟွတ်..အိမ်မ က်ဆိုးပဲ.."

Jisoo..နံရံပေါ်က နာရီကို ကြည့်တော့
မနက် 4 နာရီထိုးပြီ ၊ ညတုန်းက ဧည့်ခန်းထဲ နှစ်ယောက်သား ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်သွားသည်မို့ Tvတောင် မပိတ်
ရသေးပေ

မနက် 5 နာရီမှာ schedule ရှိတာမို့
Jisoo ရေအမြန်ချိုးကာ ထွက်လာခဲ့
သည်..

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now