YOUR TITLE HERE 30

1.9K 202 40
                                    


" KIM JENNIE အခုချက်ချင်း
ရုံးခန်းလာခဲ့  "


ထိုစကားကို ဝန်ထမ်း​ကောင်မလေးကဆင့်
C.E.O က Jennie ကို ေပြာခိုင်းလိုက်
ကြောင်း လာပြောသည် ၊ ဒေါသလည်း
အရမ်းထွက်နေတယ့် ပုံပဲလို့လည်း ပြောသေးသည် ၊ သို့ပေမယ့် Jennie နည်းနည်းမှ မကြောက်တတ်ပါ

ဒါကြောင့် အေးအေးလူလူပဲ
ရုံးခန်းဆီလျှောက်လာလိုက်သည် ၊
ရုံးခန်းထဲရောက်တော့ C.E.Oက သူ့
အတွင်းရေးမှူးကို အပြင်ထွက်နေခိုင်းသည် ၊ကြည့်ရတာ အရေးကြီးတယ့်အကြောင်းတစ်ခုခု ရှိသည့်ပုံစံပင် ၊ မျက်နှာကြီး
တစ်ခုလုံးလည်း နီရဲလို့


အတွင်းရေးမှူးထွက်သွားသည်နှင့်
C.E.Oက သူ့စားပွဲပေါ်က စာအိတ်ကို
Jennie ရှေ့ပစ်ချသည် ၊ Jennieက
ဘာလဲဆိုတယ့် အကြည့်နှင့်ကြည့်တော့

" ဖွင့်ကြည့်လိုက်လေ..ဖွင့်ကြည့်လိုက် "


ဒေါသအသံအနည်းငယ်ပါနေတယ့်
C.E.O ရဲ့ လေသံကြောင့် Jennieမျက်
ခုံးတစ်ချက်ပင့်လိုက်သည် ၊ မကြောက်ဘူးဆိုပေမယ့် နည်းနည်းတော့ လန့်နေမိတာ အမှန်

ပြီးတော့
စာအိတ်ထဲက ပုံအချို့ကို ယူကြည့်လိုက်
တော့ Jennie ဟာခနဲဖြစ်သွားရသည် ၊
ဒါ သူနဲ့ Jisooတို့ Condoက မပြန်ခင်
ကားပါကင်မှာ နမ်းနေကြတယ့်ပုံတွေပဲ

" ဒါ..ဒါတွေက ပုံထွက်ကောင်းသားပဲ "

လန့်ဟန်ဆောင်ပြီး အေးလူလူ ဖြစ်သွား
တယ့် Jennieကြောင့် C.E.O
သက်ပြင်းကျယ်ကျယ် တစ်ချက်ချလိုက်
ရသည်

"နောက်ပြောင်မနေနဲ့ Kim Jennie
ဒါတွေအခုငါ့ကို ရှင်း..အခုရှင်း "

သူရှေ့ဝင်ထိုင်ကာ စားပွဲခုံကို ထုရင်း
ပြောသည် ၊ Jennieကတော့ C.E.O
ကို တစ်ချက်တောင်မကြည့်ပဲ စားပွဲပေါ်က
သူတို့ပုံလေးတွေကို ငေးကြည့်ရင်း

" ဒါတွေက C.E.O ကျွန်မရဲ့ နောက်က
လိုက်ရိုက်ခိုင်းထားတာတွေလား "

" အဲ့လို လိုက်ရိုက်တယ့်ပုံဆိုရင် ငါဒီလောက်ထူပူမနေဘူး အခုပုံတွေက
ဘယ်က ကလေကဝ ပို့လိုက်တယ့်
ဓာတ်ပုံတွေမှန်းမသိလို့ ငါထူပူနေရတာ "

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now