Unicode
Jisoo... အလုပ်လုပ်တာ တစ်လ
တောင်ကျော်ခဲ့ပြီလေ...ဟိုကောင်မလေးနဲ့တော့..ဆက်ဆံလေး
မပြေလည်ပေ ၊ တွေ့လိုက်တာနဲ့..
နပန်းမလုံးရုံတမယ်ပင်..ကျန်တယ့် chaeyoung နဲ့ naeyeon
နဲ့ကတော့..တော်တော်လေးရင်းနှီးလာခဲ့သည်Chaeyoungက အနေအေးတယ်လို့လည်း
မဟုတ်..အနေမအေးဘူးလည်းမဟုတ်..
တဖက်သားကို ဂရုတစိုက်လည်း.. ရှိပြီး
အပြောလည်း..ကောင်းသည်..Naeyeonကတော့ ခပ်သွက်သွက်ပုံစံမျိုး
အမြဲတမ်းကို မရပ်မနားကို စကားတွေ
တရစပ်.. လွှတ်နေတယ့်သူမျိုး...Suho..oppaက အလုပ်လုပ်ရတာ
အဆင်မပြေရင်.. သူတို့ဆီလာခဲ့ဖို့ ၊
သူတို့ဆီမှာ အဆင်ပြေတယ့်အလုပ်တွေ
ရှိကြောင်း.. အမြဲပြောလေ့ရှိသည်...အစတုန်းက အလုပ်လုပ်ဖို့ အတင်းတိုက်
တွန်းပေမယ့်..အခုတော့ သူ့ညီမလေ
ပင်ပန်းနေမှာစိုးတာကတစ်ကြောင်း ၊
တစ်ယောက်တည်းဖြစ်နေလို့..အားငယ်
နေမှာစိုး၍ တစ်ကြောင်းအခုဆို Jisooလည်း အလုပ်မှာ
ပျော်လာပြီမို့..oppa ထိုသို့ပြောတိုင်း
ငြင်းလေ့ရှိသည်...seulgiကလည်း
အိမ်မှာ လာနေပေးသည်..တစ်ခါတစ်ခါတော့....ညလုံးပေါက် schedule တွေရှိတယ့်အခါတော့
အိမ်မပြန်ဖြစ်...နေ့ရောညရော..အိမ်မှာရှိတယ်လို့ကိုမရှိ
မသိရင်..seulgiကို အိမ်ငှားထားသလိုပင်.."Jisooyaaa..နင့်ကြည့်ရတာပင်ပန်းနေသလိုပဲ.."
Cheayoungမှ ထိုသို့ပြောရင်း jisoo
ဘေးကိုဝင်ထိုင်လိုက်သည်...မကြာခင် world tour လှည့်ရတော့မယ့် အချိန်မို့ JCN တစ်ဖွဲ့လုံး အရင်တုန်းက အကတွေ လည်း အကုန်ပြန်လေ့ကျင့်နေရသည်..
အခုက တစ်မနက်လုံးကထားပြီး..ခဏနား
တုန်းပင်"Arnyi...မအိပ်တာများသွားလို့ပါ..ဒါနဲ့
နင်တို့ကော..ကကွက်တွေ ပြန်လေ့ကျင့်
ရတာ အဆင်ပြေလား..""ပြေတယ်လို့လည်း....မဟုတ်သလို
မပြေဘူးလို့လည်းမဟုတ်ပါဘူး..""နင့်စကားကလည်း..အဟက်"
Chaeyoungနဲ့..Jisoo နှစ်ယောက်လုံး
ခပ်တိုးတိုးရယ်လိုက်ကြသည်..