YOUR TITLE HERE 36

2.1K 194 48
                                    

" ငါ့အကြောင်းသာပြောနေရတာ
နင်ကော..."

ရုတ်တရက် မေးလာတယ့် jennieရဲ့
အမေးမှာ jisoo ခဏကြောင်ပြီး
Jennie ကို မှင်သေသေကြည့်နေမိသည်
သူဘာပြန်ဖြေရမလည်း မသိပါ ၊

" ငါပြောတာက.... ဟို ..အင်းးး
ဘာမှ မဟုတ်တော့ဘူး ၊ အခုငါအိပ်ချင်
လာပြီ သွားအိပ်တော့မယ် ၊ နင်လည်း
အပြင်မှာ သိပ်အကြာကြီး မနေနဲ့အုံး  "


ထိုသို့ပြောရင်း သူ့ကိုအလိုမကျသလို
တစ်ချက်ကြည့်ပြီးထွက်သွားသည် ၊
မျက်စောင်းလေးပါ တစ်ချက်ထိုးသွား
သည် ၊ ထိုသို့စွာတေးလန့်နေတယ့်
ကောင်မလေးကို Jisoo ရပ်ပြီး
အနောက်က​ငေးနေမိသည်
ထိုသို့ငေးနေရင်းပင်
တစ်ချက်ကျယ်ကျယ်လေးအော်လိုက်သည်

" ငါကအခုထိ
တစ် ယောက် တည်း ပါ ပဲ.. "

အနောက်ကနေ ရုတ်တရက်ကြီး
အော်လိုက်တယ့် Jisooကြောင့်
Jennie သက်ပြင်းတစ်ချက်ချရင်း
Hotelထဲဝင်ခါနီး
ခြေလှမ်းတွေကိုရပ်ကာ အနောက်ကို
လှည့်ကြည့်လိုက်သည် ။

" ငါက ဘာမေးလို့လဲ?! ....
တကယ်ပါပဲ.. ဟွန့်.."

ငေါက်ဆတ်ဆတ်ပြောရင်း hotelထဲ
ဝင်သွားတယ့် Jennieကြောင့်
Jisoo ပါးစပ်ပိတ်ပြီး ထိုနေရာမှာ
ကျန်နေခဲ့သည် ။

တကယ့် မလွယ်ကျောလေးပါ ၊
အဲ့ကောင်မလေးက တကယ့် မလွယ်
ကျောလေး...

• • • •

" ဒါရိုက်တာကြီးရှင့်...ဒါရိုက်တာကြီး "

ခေါ်သံနှင့်အတူ တံခါးခေါက်သံကြောင့်
jisoo မထချင်ထချင်နှင့်
အိပ်ယာထဲက ကုန်းရုန်းထလာရသည် ၊

မနေ့က မိုးလင်းခါနီးမှ အိပ်ပျော်
သွားတာကြောင့် အခုထိ
အိပ်ရေးမဝသေးပါ

အခန်းတံခါးသွားဖွင့်ပေးပြီး ကုတင်ဘေးနားက ဆိုဖာပေါ် ပြန်ထိုင်လိုက်သည် ၊ အတွင်းရေးမှူး Naeun ကတော့ Jisooထိုင်နေတယ့်
ဆိုဖာမှာဘေးရပ်ရင်း

" ဒါရိုက်တာကြီး..ခဏနေ
ဒါရိုက်တာကြီးရဲ့ အစ်မလာတော့မှာ..
ဒီနေ့ အပြင်ထွက်လည်ဖို့ ချိန်းထားတယ့်
နေ့...."

" အင်း...သိပြီ.."

" အာ...ဒါဆို..Chawကော.."

Naeun သူ့ကိုပါ ခေါ်မယ်အထင်နဲ့
မြို့ပတ်ပြီး jisoo နဲ့ လျှောက်လည်
ရမယ်အထင်နဲ့ ဝတ်ရမယ့်
အဝတ်တွေပါ အကြာကြီးရွေးထားရတာ
ဒါပေမယ့် jisoo ရဲ့ အဖြေက
သူထင်သလို မဟုတ်ခဲ့ပေ ။

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now