Unicode
တစ်နေကုန် Jisoo မထသေးပါ..
Seulgiလည်း အိပ်ပါစေဆိုပြီး..မနိုးဘဲ
ထားခဲ့တာ..မနက်ကတည်းကပင်..ပြန်ရောက်တော့လည်း အချိန်က 8:00pmရှိပြီ..ဒါပေမယ့် မထသေးတာ
ကြောင့်..အနားသွားရင်း..လှုပ်နိုးကာ"Jisoo yaaa ထတော့
တစ်နေကုန်အိပ်နေတာပဲ..ပင်ပန်းတာသိ
ပေမယ့်....ဒီလောက်ကြီးအိပ်လို့ မကောင်းဘူးဟ.. ထတော့..မြန်မြန်
Wake up!!...နင့်အတွက် ဆိုင်က မုန့်ပြင်လာတယ်..""ဟွင်း..!! နင်ကလည်း.. ထပ်အိပ်ချင်..သေးတာကိုဟာ..."
Jisoo...စောင်ထဲလုံးကာ ပြောလိုက်သည်..
ဘေးက seulgiကတော့..စောင်ထဲတိုးဝင်သွားတယ့် Jidooကိုကြည့်ရင်း ခေါင်းခါကာ
စောင်ကို အတင်းဆွဲချပြီး
"Wake up!!. Wake up!!... ခဏနေ..jeonyeon တို့လာမှာ..wake up "
Jisoo..ကို မနည်းထူလိုက်ရသေးသည်
"ဒီအချိန်ကြီး??..."
"မနက်ဖြန်နင့် မွေးနေ့လေ..faboရဲ့..
မနက်ဖြန် သူ ခရီးသွားစရာရှိလို့.. အခု
လာမှာတယ့်...ငါတောင် cake ဝယ်လာသေးတယ်..."ဲjisoo..ထိုစကားကြားကာမှ..
ထထိုင်လိုက်ပြီး..ဘေးကseulgi ကို
ဖက်ကာ"Gomawor..ဝက်ဝံစုတ်လေး!!
ငါ့မှာ..နင်တို့ပဲရှိတယ်...."အပီအပြင်တွေ ချွဲနေတယ့် jisoo
လက် မောင်းလေးကို..ခပ်ဖွဖွထုကာ"ချွဲမနေနဲ့..ရေမိုးချိုး..အဝတ်စားလဲ
ခဏနေလာတော့မှာ..မွေးနေ့ပွဲကို အိပ်ချင်
မူးတူးပုံစံကြီးနဲ့..လုပ်လို့တော့မဖြစ်ဘူး
မဟုတ်လား... ""ဒါပေါ့!! ဝက်ဝံစုတ်လေးရဲ့...ခဏ! "
Jisoo ရေချိုးခန်းထဲ ဝင်မလို့လုပ်တုန်း
ခြေလှမ်းတွေ.. ရပ်ပြီး..seulgi
ကို ပြန်လှည့်ကြည့်လိုက်သည် ..."Party? "
"ပါတယ်..ပါတယ်..အဲ့တာတွေ
Jeonyeonဝယ်လာခဲ့မယ်တယ့်.. မွေးနေ့
ရှင်က တစ်နေကုန် အိပ်နေတော့.. ငါတို့
ပဲအလုပ်ရှုပ်ရတာပေါ့ ""ဝက်ဝံစုတ်လေးကလည်း..ဟီး
ငါရေချိုးပြီး..ထွက်လာခဲ့မယ် "