Jennie က မနက်အစော 5 နာရီလောက်ထဲ
က အိမ်ပြန်သွားပြီဖြစ်သည် ၊မနေ့ကတစ်နေကုန် Jennie အနားမှာ
ရှိနေခဲ့ရလို့လားမသိပေ..ဒီနေ့ Jennieကို
မတွေ့ရတော့ သိပ်ကိုဟာတာတာ
ဖြစ်ရသည် ၊ မျက်လုံးစဖွင့်ကတည်းက
မနက်စာစားတယ့် အချိန်ထိ Jisooမှာ
တစ်ငိုင်ငိုင်တထွေထွေ"နင် မယတရူးနေတာတော်လိုက်ပြီ
Kim Jisoo.. ငါမနက်စာကို ကောင်းကောင်း
မွန်မွန်လေး စားချင်တယ် "သူ့ရှေ့က Jisooက မနက်စာကို
စားချင်သလိုလို မစားချင်သလိုလို
လုပ်နေတာကြောင့် Seulgi မျက်လုံးပင်
နောက်လာသည်."ဟူး..ဒီနေ့ Companyသွားရမှာတောင်
စိတ်မပါဘူး "Jisoo သက်ပြင်းတစ်ချက်ချရင်း
လေးပင်စွာနှင့်ပြောလိုက်သည်"စိတ်မပါရင်မသွားနဲ့...နင့်မယား
Shootingပဲလိုက်သွားလေ "" Yaaa.. Kang Seulgi..
နင်စကားကို ယဥ်ယဥ်ကျေးကျေးလေး
ပြောပေးလို့မရဘူးလား "Seulgi သူ့ကို လျှာထုတ်ပြောင်ပြီး
ထမင်းဆက်စားနေလိုက်သည် ၊ Jisoo
ကတော့ ခုံပေါ်မေးထောက်ပြီး
တမှိုင်မှိုင်တထွေထွေ"မနက်စာစားစမ်းပါ Kim Jisooရာ..
နောက်နေ့ဆိုအရင်တိုင်း..နေသားကျသွား
မှာပေါ့..စား..စား "နည်းနည်းတောင်မလျော့သေးတယ့်
ထမင်းပန်းကန်ကို Jisoo ရှေ့ထိုးပေးလိုက်သည် ၊"ဟော....ဟိုမှာ လာပြီ "
Jisoo ခြံရှေ့က ကားကို လက်ညိုးထိုးရင်းေပြာလိုက်သည်..
" သွားတော့လေ...အဲ့ဆိုလည်း
Companyရောက် မှာ အဆင်ပြေသလို
စားပေါ့ ""Omm ပါ..ညကျမှ တွေ့မယ် "
Seulgi ကို နှုတ်ဆက်ပြီးမှ
အိမ်ထဲကထွက်လာလိုက်သည် ၊
အတွင်းရေးမှူး Lee Naeun ကတော့
ထုံးစံအတိုင်း ခြံရှေ့မှာရပ်စောင့်နေသည်" ဒီနေ့စောသားပဲ "
Jisoo ကားထဲဝင်ရင်း ပြောလိုက်သည်
" Driver Kim ငါ့ကို
မနက်စာစားဖို့ဆိုင်တစ်ဆိုင် အရင်ပို့ပေး "