YOUR TITLE HERE 8

2.2K 241 16
                                    

Unicode


Jennieတို့အလှည့်ပြီးတော့ နားနေခန်းကို တစ်ယောက်တည်း..ပြန်လာခဲ့ရသည်

ပြန်ခဲ့ရတယ့်..လမ်းတစ်လျှောက်
တိတ်တိတ်ဆိတ်တိတ်တော့မရှိလှပေ ၊ ဂျူနီယာတွေက စီနီယာ ဆိုပြီး နှုတ်ဆက်
လိုက်... မန်နေဂျာတွေက သူတို့ Idols
တွေကို..အော်ခေါ်နေလိုက်တယ့်..လာ
တယ့် လမ်းတစ်လျှောက်လုံးဆူညံနေသည်

Nayeon နဲ့ chaeyoungက နားနေခန်း
ဆီပြန်တယ့်လမ်းမှာ..သူတို့ သူငယ်ချင်း
တွေနဲ့ တွေ့ပြီး စကားပြောရင်း ကျန်ခဲ့သည်..

Jennieကတော့...တခြားသူတွေနဲ့
ရောရောယှက်ယှက် မနေတာကြောင့်
ရင်းနှီးတယ့် သူငယ်ချင်း အလွန်ရှားသည်

မန်နေဂျာကလည်း..ပွဲစီစဉ်သူတွေနဲ့
စကားပြောပြီး ကျန်ခဲ့သည်
နားနေခန်းထဲ ဝင်ဖို့ တံခါးဖွင့်ခါနီးတွင်

"Ha!!..အင်း..ငါစောစောပြန်လာခဲ့မယ်"

Jennie တံခါးလေးကို ခပ်ဟဟလေးသာ
ဖွင့်ထားကာ အထဲ ချောင်းကြည့်လိုက်သည်

အထဲမှာ​တော့..အရှေ့လျှောက်လိုက်
အနောက်လျှောက်နဲ့ ဖုန်းပြောနေတယ့်
Jisoo

"ငါ့ကိုလွမ်းနေတယ်​ပေါ့ "

"..."

"အင်းပါဟာ....​ဒီနေ့ပြန်လာမှာ​ပါ.."

အထဲက ကြားရတယ့်စကားတွေကြောင့်..
Jennie မျက်ခုံးပင့်လိုက်တယ်

ဒီလိုလူမျိုးကို ဘယ်သူများကြိုက်ပါလိမ့်ဟုလည်းတွေးလိုက် မိသည် ၊ ရည်းစား ဟုတ်မဟုတ်တော့ Jennie သေချာမစဉ်းစားမိ

"ဘာလဲ....ရည်းစားနဲ့အတူတူနေတာပေါ့..အင်းလေ...ဒီခေတ်မှာ ဒါက
ဘာထူးဆန်းမှာလဲ.."

Jennie ထိုသို့ရေရွက်ကာ..အထဲက စကားသံမကြာရတော့မှ..နားနေခန်းထဲ ဝင်လာခဲ့သည် ၊ Jisooကတော့
သူ့ကိုပင်မမြင်..ဖုန်းကို ဟိုပွတ်ဒီပွတ်နဲ့
အလုပ်ရှုပ်နေသေးသည်..

နားနေခန်းထဲ..နှစ်ယောက်သားရဲ့တိတ်ဆိတ်မှုတွေရယ်..စိတ်ထဲက ကျိန်ဆဲ
တွေ သာ ပြည့်နှက်နေခဲ့သည်

တစ်ချက်တစ်ချက်ဆိုလည်း အကြည့်ချင်း
ဆုံသွားရင်..မျက်စောင်းဖြစ်ဖြစ်ထိုး
လိုက်ကြသေးသည်

𝘠𝘰𝘶𝘳 𝘛𝘪𝘵𝘭𝘦 𝘏𝘦𝘳𝘦Where stories live. Discover now