တပတ်လောက်ကြာတယ့် အထိ
နှစ်ယောက်သားမတွေ့ဖြစ်ပဲ ဖုန်းသာပြော
ဖြစ်ကြသည်...Sechdule တွေ
ခဏနားတာနဲ့ Jennie ချက်ချင်း သူ့ဆီ
ကို ဖုန်းခေါ်သည် ..အဲ့အချိန်ဆို သူကလည်း အလုပ်တွေကြားက ဖုန်းချက်ချင်း
ကိုင်သည်
တစ်ခါတစ်ခါ Meeting ထိုင်နေတယ့်
အချိန်တွေဆိုရင်တော့ ဖုန်းမကိုင်တတ်ပေ"ဒါရိုက်တာကြီး...ဟို နေ့လည်စာစားချိန်
ရောက်ပါပြီ "Jennieဆီက ဖုန်းကို မျှော်ရင်း ငိုင်နေရာက အခန်းဝကအတွင်းရေးမှူးရဲ့
အသံကြောင့် မတ်ခနဲ ဖြစ်သွားသည်မနက်ကတည်းက မျှော်နေလိုက်ရတာ
အခုဆို နေ့လည်စာစားချိန်တောင်
ရောက်ပြီပေါ့..."အင်း...ဒါဆိုသွားစားမယ်လေ..."
Coat ကို ပြန်ဝတ်ရင်း ဖုန်းကိုပါ
အိတ်ကပ်ထဲ ထည့်ကာ ပြောလိုက်သည်"Nae "
Company ကန်တင်းသွားတယ့်
တစ်လျှောက်လုံး Naeunမှာ Jisooနဲ့
ကပ်နိုင်သမျှ ကပ်သွားနေသည် ၊ ဖြတ်သွား ဖြတ်လာတွေ များတာကြောင့်လို့
ထင်နေတယ့် Jisooကတော့ ဒါကို
သတိမထားမိပေနောက်ဆိုရင် အတွင်းရေးမှူးလိုမဟုတ်ဘဲ
ဇနီးတစ်ယောက်အနေနဲ့ ဘေးကအတူ
လျှောက်ချင်တယ်..ထိုစကားကို ဘေးကသူ့ကို
ကြည့်ရင်း စိတ်ထဲက သာ ပြောလိုက်
မိသည်....လက်ချင်းချိတ်လျှောက်နိုင်မယ့် နေ့ရက်ကို
ရောက်ဖို့...Jisoo အတွင်းရေးမှူး ုဖစ်သူနဲ့အတူ
နေ့လည်စာစားပြီးတာနဲ့ ချက်ချင်းအရေးပေါ်
Meetingရှိတယ်ဆိုတာကြောင့်
ခဏတောင်မနားရသေးဘဲ Meeting
ထိုင်ရပြန်သည်အစကခဏလေးပြီးမယ်ထင်ပေမယ့်
ရှယ်ယာရှင်တွေ အရစ်ရှည်နေတာနဲ့ အတော်လေးကြာသွားသည်အချိန်ကြည့်လိုက်တော့
ညနေ 6နာရီထိုးပြီ..သူအိမ်ပြန်လို့ရပြီပေါ့..စားပွဲခုံပေါ်က အိတ်ယူကာ အခန်းထဲ
က ထွက်ဖို့လုပ်တုန်း အတွင်းရေးမှူး Naeun က အရှေ့က ပိတ်ရပ်ကာ..