12.ငါတို့ လမ်းခွဲကြရအောင်

2.7K 207 7
                                    

အရင်တစ်ပိုင်းမှာ ကိုယ်ဘာတွေရေးပြီး ဘာတွေတင်လိုက်လဲဆိုတာ မသိဘူး။ သာသာ ခေါင်းနည်းနည်းထိသွားလို့မေ့သွားပြီ။ ဟီး…ဆက်သွားကြတာပေါ့နော်.

*****

မနက်မိုးလင်းလို့ ယွီရှင်းနိုးလာတော့ သူမရင်ခွင်အကျယ်ကြီးထဲသို့ ရောက်နေလေသည်။

ယွီရှင်း အိပ်ပျော်နေသေးသော ထိုလူသားရဲ့ ချောမောခန့်ညားမှုကို ငေးကြည့်နေမိသည်။

မနက်မိုးလင်းတာနဲ့ ချစ်သူမျက်နှာကို မြင်လိုက်ရတဲ့ အရသာက တော်တော်ကို အရသာရှိလေသည်။

အတန်ကြာအောင် ငေးကြည့်ပြီးနောက် ညက အဖြစ်အပျက်များကို ပြန်မြင်ယောင်လာကာ မျက်နှာကြီးနီရဲလာတော့သည်။

ညက သူပြောသည့်အတိုင်း သူပြီးမှပင် အိပ်ရလေသည်။ သူပြီးတော့ ယွီရှင်းလက်တွေလည်း ထုံကာ ကျင်နေလေတော့သည်။

အခုမနက်နိုးလာတာပင် လက်က နာချင်နေသည်။ ဒီလူ တော်တော်ကို ထန်တာပဲ။

"ဘာတွေတွေးနေတာလဲ"

"အမေ့"

နားအနားကနေ ကြားလိုက်ရသည့် အသံတိုးတိုးကြောင့် အတွေးစများလွင့်ပျယ်သွားလေတော့သည်။

"နိုးပြီလား"

နိုးလို့မျက်လုံးပွင့်နေတာပေါ့။ လာစားနေတယ်။

"ဘာလဲ. ကိုယ့်ကအရမ်းကြည့်ကောင်းနေလို့လား"

"မဟုတ်တာတွေ ပြောနေတယ်. ထပြီ"

သူခိုးလူမိတော့ ယွီရှင်းတစ်ယောက် ရေချိုးခန်းထဲသို့ထပြေးလေတော့သည်။

ယွီရှင်းရေချိုးပြီး ပြန်ထွက်လာတော့ ကျိုးရန်ကျင့်မရှိတော့ပေ။

ယွီရှင်းရေချိုးတာကြာသဖြင့် တစ်ဖက်အခန်းမှာ ရေသွားချိုးတာဖြစ်နိုင်သည်။ သူ့အင်္ကျီတွေကလည်း အဲဒီအခန်းထဲမှာမို့လို့။

ယွီရှင်း ထမင်းစားခန်းထဲဝင်လာတော့ အိမ်အကူအဒေါ်ကြီးက မနက်စာအဆင်သင့်ပြင်ထားသည်။ ယွီရှင်းလည်း ကျိုးရန်ကျင့်အလာကိုစောင့်ရင်း နွားနို့သောက်နေလိုက်သည်။

ထာဝရအတွက် (ထာဝရအတှကျ) (OC)Where stories live. Discover now