18

994 97 4
                                    

ကျိုးရန်ကျင့်နဲ့ယွီရှင်း ပါတီပွဲထဲ ဝင်လာတော့ အားလုံးအံ့သြနေကြသည်။ ကျိုးရန်ကျင့် လက်ထပ်ထားတယ်ဆိုတာကို သူတို့သိပေမဲ့ သူ့မိန်းမနဲ့အပြင်အတူထွက်တာ တစ်ခါမှ မတွေ့ဖူးပေ။ အချို့က လိုက်ဖက်တယ်လို့တွေးနေကြပြီး အချို့ကတော့ အားကျမနာလို ဖြစ်နေမိသည်။

တစ်ယောက်သောသူကတော့ မနာလိုဝန်တိုဖြစ်ကာ ဒေါသချောင်းချောင်းထွက်နေတော့သည်။

ဟန်ယွီလင်း ဒီပါတီပွဲကို လာတာ အခြားကြောင့် မဟုတ်ပေ။ ပါတီကိုလာတဲ့ အကောင်ကြီးကြီးတွေထဲကနေ တစ်ယောက်ကို ကပ်ဖို့ဖြစ်သည်။ သို့သော် အခု ကျိုးရန်ကျင့်က ရောက်လာတယ်ဆိုတော့ သူမအတွက် ကွက်တိဖြစ်ပြီပေါ့။ ဟန်ယွီရှင်းကို ခဏဖယ်ထုတ်ပြီး ကျိုးရန်ကျင့်အနားကပ်နိုင်အောင် ကြိုးစားရမယ်။

ဟန်ယွီလင်း တစ်ချက်ပြုံးလိုက်ပြီး တစ်နေရာသို့ ထထွက်သွားသည်။ ကျိုးရန်ကျင့်နဲ့ ယွီရှင်းကတော့ ဟန်ကျွင်းလုမိဘတွေနဲ့ စကားပြောနေကြသည်။
ညကနက်လာသည်။ ယွီရှင်းကတော့ ဟန်ကျွင်းလု မိတ်ဆက်ပေးသည့်လူတွေနဲ့ စကားစမြည်ပြောနေသည်။ ဟန်ကျွင်းလုကလည်း ဧည့်သည်အချို့နဲ့စကားပြောနေသည်။

ပျောက်နေသူကတော့ ကျိုးရန်ကျင့်နဲ့ ဟန်ယွီလင်းပင်။

ယွီရှင်း ဧည့်သည်တွေနဲ့ စကားစပြတ်လို့ ထွက်လာတော့ ကျိုးရန်ကျင့်ကို ရှာလို့မတွေ့ပေ။ သူမ ဧည့်သည်တွေနဲ့စကားပြောနေသော ဟန်ကျွင်းလုဆီသွားကာ
"ဝမ်းကွဲအစ်ကို ညီမယောက်ျားကို တွေ့မိသေးလား"

"အခုနက ဟိုနားမှာ ဝိုင်သောက်နေတာ တွေ့ပါတယ်"
သူတို့နှစ်ယောက် ဟိုကြည့်ဒီကြည့်နဲ့ ရှာနေတာကြောင့် ဟန်ကျွင်းလုအဖေက တွေ့သွားပြီး
"ဘယ်သူ့ကိုရှာနေတာလဲ"

"အာ.. ဦးလေး သမီးယောက်ျားကိုများ တွေ့မိသေးလားလို့။ အခုက အိမ်ပြန်ချိန်ရောက်နေပြီလေ"

"အခုနတုန်းက ဟိုထောင့်မှာ ယွီလင်းနဲ့စကားပြောနေတာ တွေ့လိုက်သေးတယ်"

"ဟန်ယွီလင်းလား???"

"အင်း"
ယွီရှင်း ချက်ချင်းပင် ဟန်ဦးလေးညွှန်ပြသည့် နေရာသို့ ထွက်သွားသည်။ သူမအနောက်ကနေ ဟန်ကျွင်းလုလည်း လိုက်လာခဲ့သည်။ အဲဒီနေရာကို ယွီရှင်း ရောက်တဲ့အခါမှာ ဘယ်သူမှ ရှိမနေပေ။

ထာဝရအတွက် (ထာဝရအတှကျ) (OC)Tempat cerita menjadi hidup. Temukan sekarang