21

1K 115 4
                                    

ကျိုးရန်ကျင့် ယီကျန်းလင် ပြောပြတဲ့ အကြောင်းတွေကို နားထောင်ရင်း ပြုံးနေမိသည်။ သူ့ဇနီးက လုံးဝကို ပြောင်းလဲသွားတာပဲ။
*
ယွီရှင်း နောက်တစ်ပတ် အိမ်ပြန်တော့ ကျိုးရန်ကျင့်ဆီမှာ ကုမ္ပဏီအုပ်ချုပ်သူနေရာယူဖို့ သင်တန်းဆင်းရသည်။ ကျိုးရန်ကျင့်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဘာတွေကိုအရင်ဘယ်လိုလုပ်သင့်တယ်နဲ့ အစချီပြီး ရှင်းပြလေသည်။ ယွီရှင်းအစက စိတ်ဝင်တစားလိုက်လုပ်နေသော်လည်း နာရီဝက်လောက်ကြာလာတာနဲ့ ငိုက်လာတော့သည်။

45မိနစ်လောက်ကြာတော့ လုံးဝကို အိပ်ပျော်သွားလေတော့သည်။ ယွီရှင်း အိမ်မက်ကမ္ဘာထဲမှာ လုံးဝကို ပျော်ရွှင်စရာအတိဖြစ်နေသည်။ ကျိုးရန်ကျင့်ရယ် သူမရယ် အမွှာလေးနှစ်ယောက်ရယ် နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ဖြတ်သန်းနေရတယ်တဲ့။

ကျိုးရန်ကျင့် ဘေးနားက ငြိမ်သက်သွားသော ကျောက်ရုပ်ကို လှည့်ကြည့်လိုက်သည်။ ယွီရှင်းကတော့ စာအုပ်ကို ဦးညွှတ်နေလေသည်။ ကျိုးရန်ကျင့် ဘောပင်ဖင်နဲ့ သူမနဖူးကို တောက်ချလိုက်သည်။

“အာ့..ဘေဘီလေးတွေ…”

“ဘာတွေ လျှောက်အော်နေတာလဲ ဟမ်?”

“ဟာ..ကိုကလည်း ဒီမှာ အိပ်မက်ကောင်းနေတာကို”

“ပြောစမ်းပါဦး။ ဘယ်က ဘေဘီလေးကို မက်နေတာလဲ”

ယွီရှင်း ကျိုးရန်ကျင့်မျက်နှာကို ကြည့်လိုက်တော့ သူက ပြုံးစစနဲ့ သူမကို ကြည့်နေလေသည်။ ယွီရှင်း ကျိုးရန်ကျင့်လက်မောင်းကို ဖက်ပြီး သူ့ပုခုံးပေါ် ခေါင်းမှီချလိုက်သည်။

“ကို သိလား။ ရှင်းလေး ဘယ်လိုအိပ်မက်မက်လဲဆိုတာ။ ဟင်း...အိပ်မက်ထဲမှာလေ ကိုရယ် ရှင်းလေးရယ် ပြီးတော့…ခ်ခ် အမွှာလေးနှစ်ယောက်ရယ် လျှောက်လည်နေတာတဲ့”

ကျိုးရန်ကျင့် မျက်ခုံးပင့်လိုက်ကာ သူမကို စလိုက်သည်။
“မင်းလေးက ကလေးယူဖို့ကိုတောင် စိတ်ကူးယဉ်နေပြီလား။ ဘယ်လိုလဲ ယူကြမလား”

“မ.မဟုတ်ဘူးလေ ကို။ ရှင်းလေးက အိပ်မက်ပဲ မက်တာ။ တကယ်မဟုတ်ဘူးလေ။ ပြီးတော့ ရှင်းလေးက ငယ်သေးတယ်လေကွာ..”

ထာဝရအတွက် (ထာဝရအတှကျ) (OC)Où les histoires vivent. Découvrez maintenant