4.'ဆက်လုပ်တဲ့'

3K 281 6
                                    

Zawgyi

"မင်းအဆင်ပြေရဲ့လား"

သူရောက်လာကတည်းက ငိုနေတာ အခုဆို လေးဆယ့်ငါးမိနစ်လောက်တောင်ရှိနေလေပြီ။ သူမကအခုထိငိုတာ မရပ်သေးပေ။

သူစိတ်မရှည်လို့မေးလိုက်တာတော့မဟုတ်ပါဘူး။ သူမလေးတစ်ခုခုဖြစ်နေတာလားလို့ပါ။ သူမလေး ဒီလိုငိုတာ တစ်ခါမှမမြင်ဖူးတော့ သူမလေးတစ်ခုခုများဖြစ်နေတာလားလို့ စိတ်ကပူလာရသည်။

"ရှင်..ကျမကို မုန်းနေပြီလား"
သူမ မေးလိုက်သည့်စကားကြောင့် သူအံ့ဩရပြန်သည်။
"ကိုယ်က မင်းကို ဘာလို့မုန်းရမှာလဲ"

ပြောပြီး သူငုံ့ကြည့်လိုက်တော့ သူမလေးက မျက်ရည်တွေအဝိုင်းသားနဲ့ မော့ကြည့်လာသည်။
မျက်နှာက ပင်ပန်းလွန်းသဖြင့်ညှိုးနွမ်းနေသယောင်.
မတွေ့လိုက်ရသည့် သုံးရက်အတောအတွင်းမှာပင် သူမလေးမျက်နှာတော်တော်ချောင်သွားသည်။

"ကျမက ရှင့်အပေါ်မကောင်းခဲ့တာကိုလေ"
ပြောပြီးသည်နှင့် ပုလဲမျက်ရည်တွေက ပါးပေါ်သို့တစ်ဖန်ပြန်လည်ကြွေဆင်းလာကြသည်။
သူ သူမပါးပေါ်မှမျက်ရည်များကို လက်ဖမိုးလေးနဲ့ သုတ်ပေးရင်း
"မင်းက ကိုယ့်အပေါ်ကောင်းပါတယ်. မင်းစိတ်ကောက်နေလို့ ဆိုးနေရုံလေးပါပဲ"

ယွီရှင်းအံ့ဩနေမိသည်။ သူမကသူ့ကို တော်တော်ကို ဒုက္ခပေးခဲ့သည်။ သူမနဲ့ကွာရှင်းပေးဖို့အတွက် ဖိအားတော်တော်များများကိုလည်း ပေးခဲ့သည်။ ဒါတွေကို သူက သူမစိတ်ကောက်တုန်းခဏဆိုးနေတာလို့မှတ်ယူထားတာတဲ့။

"ကျမ နောက်ထပ်မဆိုးတော့ပါဘူးနော်.. ကျမကိုခွင့်လွှတ်မယ်မလားဟင်"
"မင်းနဲ့ကိုယ်က လင်မယားတွေလေ. ဒါကြောင့်ခွင့်လွှတ်မှုကို တောင်းခံစရာမလိုဘူး"
"ကျေးဇူး."

ပြောရင်းနဲ့ အသံတွေတိမ်ဝင်လာကာ မျက်ရည်တွေထပ်ကျလာသော သူမလေးကို သူပွေ့ချီလိုက်ကာ ဆိုဖာပေါ်ကိုချလိုက်သည်။ ပြီးတော့ သူမဘေးမှာဝင်ထိုင်ကာ ပုခုံးကို သူမလေးဘက်ကိုပေးတော့ တအံ့တဩနဲ့မေးလာရှာသည်။

"ကို. ဘာလုပ်တာလဲ"

"မင်းငိုနေတာ ကိုယ်ရောက်လာကတည်းကလေ. အခုဆို တစ်နာရီနီးပါးလောက်တောင်ရှိနေပြီ. ကိုယ်ညောင်းနေပြီလေ"

ထာဝရအတွက် (ထာဝရအတှကျ) (OC)Where stories live. Discover now