14

1.4K 145 10
                                    

ဟန်ယွီလင်းက သူ့အစ်မကိုမြင်သွားသဖြင့် ဆိုင်ထဲကိုဝင်လာခဲ့သည်။ သူမဘေးမှာက ကောင်မလေးနှစ်ယောက်ပါသည်။

ထိုကောင်မလေးနှစ်ယောက်ကိုတော့ ယွီရှင်းမသိပေ။ သူမတို့အမျိုးတော့ မဟုတ်တာသေချာသည်။
ဟန်ယွီလင်းက သူမစားပွဲမှာဝင်ထိုင်ကာ ပြောလိုက်သည်။

"အပြင်ကနေ ကြည့်နေတာ မမ ဟုတ်ရောဟုတ်ရဲ့လားလို့. မှန်နေတာပဲ"
ယွီရှင်းက ပြန်ကြည့်ပြီး ပြုံးပြလိုက်သည်။ ဘာမှတော့မပြောပေ။

"မမ တစ်ယောက်တည်းလား။ ခဲအိုရောမပါဘူးလား"

ဟန်ယွီလင်းက ယွီရှင်းရှေ့မှာဆို ခဲအိုလို့ပဲခေါ်သည်။ သို့သော် နောက်ကွယ်မှာတော့ အစ်ကိုကျိုးဟုခေါ်သည်။ အစက ကိုကိုကျိုးလို့ခေါ်တာကို ကျိုးရန်ကျင့်က သူမကြိုက်ဘူးလို့ပြောတော့ အစ်ကိုကျိုးလို့ ပြောင်းခေါ်လိုက်ရတာဖြစ်သည်။

"အင်း. သူက အလုပ်များတယ်လေ"
"အင်းနော်..ဒါနဲ့ မမ နင်တို့အိမ်ထောင်ရေးက အဆင်ပြေရဲ့လား"

ဟန်ယွီလင်းက သူမတို့ အိမ်ထောင်ရေးအဆင်ပြေမပြေကို အမြဲတမ်းမေးသည်။ အရင်ဘဝကတော့ ဒီညီမလေးက သူ့အစ်မကို စိတ်ပူလို့မေးတယ်လို့ထင်ပြီး ယွီရှင်းက အစအဆုံးတစ်လုံးမကျန်ပြန်ပြောပြတတ်သည်။ ဒါကို အမြတ်ထုတ်ပြီး ဟန်ယွီလင်းက ကျိုးရန်ကျင့်နဲ့ယွီရှင်းအဆင်မပြေအောင်လို့ အမြဲတမ်းနှောင့်ယှက်တတ်သည်။

ယွီရှင်းက ကျိုးရန်ကျင့်နဲ့ပြဿနာတက်လို့ ဟန်ယွီလင်းကို ပြောပြပြီး အကြံတောင်းလေ ဟန်ယွီလင်းရဲ့ပရောဂကြောင့် ကျိုးရန်ကျင့်နဲ့ ယွီရှင်းတို့ပြဿနာတက်လေဖြစ်သည်။ ဒါတွေကို အရင်ဘဝက ယွီရှင်းငတုံးမတော့ တစ်လုံးမှမသိပေ။

အခုယွီရှင်းကတော့ အားလုံးကိုအကျိုးအကြောင်းဆင်ခြင်တတ်ပြီး အကွက်မြင်တတ်လာပြီဖြစ်သည်။ အရင်လို ပျော့ပျော့ညံ့ညံ့နဲ့ ကိုယ့်အပေါ်ကောင်းတဲ့သူကို တွန်းထုတ်ပစ်နေမှာမဟုတ်တော့ပေ။

ကျိုးရန်ကျင့်ဆိုသည့် ရွှေခြေသလုံးပိုင်ရှင်ကို သူမဖက်တွယ်ထားတော့မည်ဖြစ်သည်။
ယွီရှင်း သူမညီမကို မျက်နှာလေးညှိုးကာ ပြန်ပြောလိုက်သည်။

ထာဝရအတွက် (ထာဝရအတှကျ) (OC)Nơi câu chuyện tồn tại. Hãy khám phá bây giờ