(အပေါ်က တစ်ပိုင်းမှာ ဂျင်းထည့်တာ ဘယ်သူမှ မမိဘူးထင်တယ်😅😅.)
ညနေခင်း ရုံးဆင်းအချိန်ထိ သူမလေးမထသေး။ တော်တော်ကိုအိပ်ပုပ်နေသည်။ ကျိုးရန်ကျင့် အိမ်ပြန်ဖို့အတွက် သူမလေးကိုသွားနှိုးရတော့သည်။
"ကလေး..ကလေး ထတော့ အိမ်ပြန်မယ်လေ"
မထ.
"ကလေး..ရှင်းလေး.
ကလေး ထတော့လေ.."သည်တော့မှ ယွီရှင်းတျောက် ခန္ဓာကိုယ်ကိုလွန့်လူးလာကာ
"အင့်း...ဟင်း"
ပျင်းကြောဆွဲပြီး ပြန်အိပ်နေပြန်သည်။
ကျိုးရန်ကျင့်လည်း ဆက်မနိုးတော့ပဲ ကိုယ်လက်သန့်စင်ကာ သူပါ ဝင်အိပ်လိုက်သည်။ယွီရှင်းနိုးလာတော့ နွေးထွေးတဲ့ ရင်ခွင်အကျယ်ကြီးထဲ ရောက်နေသည်။ နိုးနေပေမဲ့ ထိုလူသားက အိပ်ပျော်နေသေးသည့်အတွက် လှုပ်ရှားမှုမပြုပဲ ငြိမ်ငြိမ်နေရင်းက ထိုလူသား၏ စွဲမက်ဖွယ် ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ရင်း ပြန်အိပ်ပျော်သွားပြန်သည်။
နောက်တစ်ခေါက် သူမနိုးလာတော့ ဘေးမှာ ဘယ်သူမှမရှိတော့။ ယွီရှင်လည်း အိပ်ရာမှထကာ ရေချိုးလိုက်သည်။ ရေချိုးပြီးမှ သတိရလိုက်တာက သူမမှာ အဝတ်ပိုမရှိ။
ဗီရိုဖွင့်ကြည့်တော့လည်း ကျိုးရန်ကျင့်အင်္ကျီမှတစ်ပါး အခြားဘာမှမရှိ။ အင်းလေ. အရင်ဘဝက သူမဒီအခန်းထဲရောက်ဖူးဖို့နေနေသာသာ ကုမ္ပဏီအရှေ့တောင် ဖြတ်လျှောက်ဖူးတာမုတ်ဘူး။ ဒီတော့ သူမအင်္ကျီဘယ်ရှိမှာတုန်း။
ယွီရှင်းလည်း ကျိုးရန်ကျင့်ရဲ့ အင်္ကျီတစ်ထည်ကို ကောက်ဝတ်လိုက်သည်။ ကျိုရန်ကျင့်က ပုခုံးကျယ်ပြီး အရပ်မြင့်တော့ အင်္ကျီကသူမနဲ့ဆို ဂါဝန်တိုလေးဖြစ်နေသည်။ အင်္ကျီလက်ကလည်း ရှည်ထွက်နေပြီး ယွီရှင်းရဲ့လက်ချောင်းတွေတောင် မမြင်ရတော့ဘူး။
အင်္ကျီက ပေါင်လယ်ထိရှည်တာမို့ ဘောင်းဘီဝတ်စရာမလိုတော့။ ဝတ်လို့လည်း ရမယ်မထင်။ သူမက လူကောင်သေးတယ်လေ။
ယွီရှင်း သူ့အင်္ကျီတွေဝတ်ပြီးထွက်လာတော့ စားပွဲမှာ အလုပ်လုပ်နေတဲ့ ကျိုးရန်ကျင့်က ခေါင်းထောင်ကြည့်လာသည်။ ယွီရှင်းကိုလည်း မြင်ရော နဂိုတည်ငြိမ်နေတဲ့ အရုပ်က ရယ်ချင်ပက်ကျိ ဖြစ်လာသည်။
ESTÁS LEYENDO
ထာဝရအတွက် (ထာဝရအတှကျ) (OC)
Romanceဘဝမှာသူမပြုလုပ်ခဲ့တဲ့အမှားတွေအတွက် နှိပ်စက်မှုတွေကြားမှာ နောင်တတွေနဲ့ပြည့်နှက်နေတဲ့နေ့ရက်တွေကိုဖြတ်သန်းပြီးနောက် သေဆုံးသွားပြီး ပြန်လည်မွေးဖွားခြင်းနဲ့အတူ သူမရဲ့ယခင်အချိန်တွေကိုပြန်ရောက်လာတဲ့အခါ သူမဘယ်လိုပြောင်းလဲကျော်ဖြတ်မလဲဆိုတာ.......... ဘဝမှာသူမ...