13

2.6K 197 13
                                    

ကျိုးရန်ကျင့် ကြားလိုက်ရသော စကားတွေကြောင့် အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။ သူမက ဒီလောက်ထိပြတ်သားတာလား။ ဟုတ်မှာပါ. စီရှားဆိုတဲ့ သူ့ချစ်သူကိုချစ်နေတုန်းက သူ့ကိုလုံးဝလှည့်မကြည့်ခဲ့သလိုပေါ့။ သူမ စိတ်က တော်တော်ကို ပြတ်သားသည်လေ။

*****

စီရှားနဲ့တွေ့ပြီး ပြန်လာတော့ ယွီရှင်း အပြင်မှာလျှောက်လည်ရင်း အချိန်ဖြုန်းလိုက်သည်။

ကျောင်းသွားဖို့အတွက် လိုအပ်တာတွေ ဝယ်ရမည်မှန်သော်လည်း ကျိုးရန်ကျင့်နဲ့အတူ လာဝယ်ချင်တာကြောင့် မျက်စိအစာပဲကျွေးဖြစ်ခဲ့သည်။ အိမ်ပြန်ရောက်မှ အားလပ်ရက်ကျရင် ဈေးဝယ်ထွက်ဖို့ ကျိုးရန်ကျင့်ကို အပူကပ်ရမည်။

အရင်ဘဝကလို သူ့အချစ်တွေကို လျစ်လျူမရှုတော့ပဲ လက်ခံပေးလိုက်မည်။ ဒီဘဝမှာ အသက်ရှင်ဖို့ ယွီရှင်း ကျိုးရန်ကျင့်ကို လိုအပ်သည်။ အမှန်ဆို အရင်ဘဝကတည်းက ယွီရှင်း ကျိုးရန်ကျင့်ကို လိုအပ်သည်။ သူမနှိပ်စက်ခံရသည့် အခါတိုင်း မျှော်လင့်နေမိသည်က ကျိုးရန်ကျင့်များ သူ့ကိုလာကယ်မလားလို့ပင်။ သူ့နာမည်ကိုပဲ အကြိမ်ကြိမ်တမ်းတခဲ့မိသည်လေ။

ဟိုတွေးဒီတွေးနဲ့ ယွီရှင်းအိမ်သို့ပြန်ရောက်လာခဲ့သည်။

သူမအိမ်ကိုပြန်ရောက်တော့ ကြီးကြီးလင်းကလည်း ပြန်ရောက်နေပြီဖြစ်သည်။ အိမ်အကူအဒေါ်ကြီးကလည်း ပြန်သွားလေပြီ။ အမှန်ဆို အိမ်အကူအဒေါ်ကြီးက အိမ်သန့်ရှင်းရေးပဲ လုပ်ပေးရတာ။ ကြီးကြီးလင်းမရှိလို့သာ သူမက ထမင်းချက်ပေးတာဖြစ်သည်။ သူ့လက်ရာကလည်း စားကောင်းပါသည်။ ကျိုးရန်ကျင့်လက်ရာကိုတော့ မမှီဘူးပေါ့။

ယွီရှင်း ရေချိုးပြီးလို့ပြန်ထွက်လာတော့ ကုတင်ပေါ်မှာ အခန့်သားထိုင်နေသော ကျိုးရန်ကျင့်ကို တွေ့လိုက်ရသည်။

သူက ဒီမှာဘာလာလုပ်နေတာလဲ။ ဟိုဘက်အခန်းမှာ ရေသွားမချိုးဘူးလား။

"ကို ရေမချိုးဘူးလား"

သူမမေးတော့ ကျိုးရန်ကျင့်က မျက်မှောင်ကျုံ့ကာ ပြန်မေးသည်။

ထာဝရအတွက် (ထာဝရအတှကျ) (OC)Opowieści tętniące życiem. Odkryj je teraz