Zawgyi
သူချက်လို့ပြီးတော့ ဟင်းခွက်တွေကို ယွီရှင်းအရှေ့သို့ချပေးသည်။ အငွေ့တစ်ထောင်းထောင်းထနေသော ဟင်းခွက်များကိုကြည့်ကာ ယွီရှင်းသရေကျနေသည်။
အရင်ဘဝက သူမအစားအသောက်ကောင်းကောင်းမစားရပေ။ သူမမှတ်မိသေးသည်။ တစ်လကို လေးငါးကြိမ်လောက်ပဲ ဝဝလင်လင်စားရသည်။ ဒါတောင် သေသွားမှာစိုးလို့သာ ကျွေးတာဖြစ်သည်။
ဒါကြောင့် သူမ ပြန်အသက်ရှင်လာတော့ အစားကောင်းအသောက်ကောင်းတွေကို တစ်ဝကြီးစားချင်နေသည်။ အခုတော့ ထူးထူးခြားခြား သူမယောကျာ်းချက်ကျွေးတဲ့အစားအစာတွေကို စားရတော့မယ်ဆိုတော့ ပျော်သည်။
ဒီရေခဲတုံးကြီးမှာ ဒီလိုမျိုးဘက်ခြမ်းတွေရှိသည်ဆိုတာ သူမအရင်ဘဝက မသိခဲ့ပေ။ ပြောရင်လဲ သူမအပြစ်ပဲလေ။ သူမကမှ ဥာဏ်မရှိခဲ့တာကို။
ဒီဘဝမှာတော့ ယွီရှင်း သူ့အနားကနေ ဘယ်မှသွားတော့မည်မဟုတ်ပေ။ရူးမိုက်တဲ့အလုပ်တွေကို သူမလုပ်တော့မည်မဟုတ်ပေ။ အခုတော့ သူနဲ့အတူ ပျော်စရာအချိန်လေးတွေကို အရင် ဖန်တီးလိုက်ဦးမည်လေ။
ကျိုးရန်ကျင့် ထမင်းစားပွဲပေါ်က ဟင်းတွေကို ကြည့်ပြီး လျှာသပ်နေသော အမျိုးသမီးလေးကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်လာသည်။ သူ ထမင်းစားပွဲဆီ လျှောက်လာလိုက်ပြီး
"ဆာနေပြီလား"
"အင်း"
"ကိုယ့်လက်ရာ ဘယ်လိုနေလဲ မြည်းကြည့်ပါဦး"
သူပြောရင်းနဲ့ ယွီရှင်းရဲ့ပန်းကန်ထဲသို့ ဟင်းတစ်တုံးခပ်ထည့်ပေးလိုက်သည်။ ယွီရှင်း တစ်လုပ်စားပြီးတော့ မျက်နှာကြီးပြုံးဖြီးကာ
"ဝိုး...ကို့ လက်ရာက အရမ်းစားကောင်းတာပဲ"
သူမလေးရဲ့ချီးကျူးစကားကို ကြားတော့ ကျိုးရန်ကျင့်က နှုတ်ခမ်းထောင့်စွန်းတစ်ခုတည်းကော့တက်အောင် ပြုံးလိုက်ကာ
"အင်း. များများစား"
ယွီရှင်း သူ့အပြုံးကိုမြင်တော့ အားရပါးရစားမဲ့ အတွေးတို့ပျောက်ထွက်သွားသည်။ ရုတ်တရက် သူမကျောချမ်းလာသလိုလို။ သူမ အယောင်ယောင် အမှားမှားနဲ့ ဟင်းရည်ခပ်သောက်လိုက်သည်။ ဟင်းထဲမှာ အဆိပ်ပါတာလား။ သူငါ့ကို အရင်ကဟာတွေ အခဲမကျေလို့ အဆိပ်ခပ်သတ်မှာလား??
VOUS LISEZ
ထာဝရအတွက် (ထာဝရအတှကျ) (OC)
Roman d'amourဘဝမှာသူမပြုလုပ်ခဲ့တဲ့အမှားတွေအတွက် နှိပ်စက်မှုတွေကြားမှာ နောင်တတွေနဲ့ပြည့်နှက်နေတဲ့နေ့ရက်တွေကိုဖြတ်သန်းပြီးနောက် သေဆုံးသွားပြီး ပြန်လည်မွေးဖွားခြင်းနဲ့အတူ သူမရဲ့ယခင်အချိန်တွေကိုပြန်ရောက်လာတဲ့အခါ သူမဘယ်လိုပြောင်းလဲကျော်ဖြတ်မလဲဆိုတာ.......... ဘဝမှာသူမ...