17

1.2K 111 4
                                    

ကျိုးရန်ကျင့် မက်ဆေ့ပို့လာတာဖြစ်သည်။
"ကိုယ် အပြင်မှာ ရောက်နေပြီ"

ဖုန်းကို ပြန်သိမ်းလိုက်ပြီးနောက် ယွီရှင်း ကျန်သုံးယောက်ကို ပြောလိုက်သည်။
"အိမ်က လာခေါ်နေပြီမို့ ပြန်တော့မယ်။ ငါ နင်တို့နဲ့ ပြောစရာစကားမရှိဘူး"

သူမရဲ့နောက်ဆုံးစကားက စီရှားကို ခွင့်မလွှတ်ဘူးလို့ ဆိုလိုလိုက်တာဖြစ်သည်။

*****

"ဘယ်လိုလုပ်မလဲ။ အခုတလော အဲဒီမိန်းမ ပြောင်းလဲသွားသလိုပဲ"

စီရှားက ပြောသည်။ ရုတ်တရက်ကြီး ဟန်ယွီရှင်းက ချိန်းပြီး လမ်းခွဲစကားပြောသည်။ ပြီးတော့ အခု သူတို့နဲ့လည်း မပတ်သက်ချင်တော့သည့်ပုံစံဖြစ်နေသည်။ သူ့ညီမအရင်းနဲ့ကိုလေ။

"အင်း။ အရင်နဲ့ မတူဘူး။ ငါတို့ ဘယ်လိုလုပ်ကြမလဲ"
လျန်ချင်းက ပြောသည်။

"ဘယ်လိုလုပ်မလဲ။ ဒီတစ်နည်းမရတော့ နောက်တစ်နည်း စဉ်းစားကြတာပေါ့"

"နင်နဲ့ ကျိုးရန်ကျင့် အခြေနေကော? တိုးတက်လာပြီလား"

"သူက ငါ့ကို အတွေ့တောင် မခံဘူးဟ။ နင်တို့ သိတဲ့အတိုင်းပဲ သူက ဆွဲဆောင်ဖို့ ခက်တာ"

လျန်ချင်းရော စီရှားရောက သူမစကားကို ခေါင်းညိမ့်ကာ ထောက်ခံကြသည်။ သို့သော် ဟန်ယွီလင်းက ခေါင်းမော့လိုက်ကာ
"ဒါပေမဲ့ တစ်နေ့ကျရင်တော့ ငါ့လက်ထဲရောက်လာမှာပါ"

*****

ယွီရှင်း ကားနောက်ခန်းမှာ ဝင်ထိုင်လိုက်သည်။ အထဲမှာ မှောင်နေသဖြင့် ကျိုးရန်ကျင့်ရဲ့ မျက်နှာကိုမမြင်ရပေ။ ဒါပေမဲ့ ကားထဲက လေထုက အအေးဘက်သို့ ကျရောက်နေလေသည်။ ယွီရှင်း တံတွေးမြိုချကာ ကျိုးရန်ကျင့် ဘေးနားသို့ ကပ်သွားသည်။ ထို့နောက် သူ့လက်မောင်းပေါ်သို့ မှီချလိုက်ကာ

"ကို.. မတွေ့ရတာ တစ်ပတ်တောင်ရှိပြီ အရမ်း..လွမ်းနေတာ"

ခပ်ချွဲချွဲအသံနဲ့ပြောလေသည်။ ထိုအခါမှ လေထုက နေသာထိုင်သာ ရှိသွားကာ
"အခုနက ဘယ်သူတွေလဲ"

"သြော်... ချစ်ဖို့ကောင်းတဲ့ ညီမလေးနဲ့ သစ္စာရှိတဲ့ သူငယ်ချင်းတွေလေ။ သူတို့က တွေ့ဖို့ ပြောကြလို့။ ဒါပေမဲ့ ရှင်းလေးက အားလုံးကို အပြတ်ဖြတ်ခဲ့တာနော်။ တော်တယ်မလားဟင်"

ထာဝရအတွက် (ထာဝရအတှကျ) (OC)Unde poveștirile trăiesc. Descoperă acum