တံခါးမရှိ.ဓားမရှိ

1.9K 156 3
                                    

"Aww. ဟုတ်ကဲ့။ ဒါနဲ့လေ..ညီမရဲ့ဖုန်းလေး တစ်ချက်လောက်ငှါးလို့ရမလားဟင်. အစ်မဖုန်းက အိမ်မှာကျန်ခဲ့လို့ပါ"

"ရှင်..ဪ..ဟုတ်"
ကောင်မလေးက အ့ံဩနေပြီးမှ ဖုန်းကိုထုတ်ပေးလေသည်။

ယွီရှင်းက သူမအလွတ်ရနေတဲ့ ကျိုးရန်ကျင့်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းခေါ်လိုက်တယ်။

ပထမတစ်ခေါက်..မကိုင်ဘူး၊ ဒုတိယတစ်ခေါက်... မကိုင်၊ တတိယ..မကိုင်။ နောက်ဆုံးတော့ သူမ မက်ဆေ့သာပို့လိုက်ရသည်။

*ကို..ရှင်းရှင်း အောက်မှာ ရောက်နေတယ်၊ ကိုနဲ့ ကြိုတင်မချိန်းထားလို့ အထဲဝင်ခွင့်မရဘူး. အောက်မှာစောင့်နေတယ်. မြန်မြန်*

စာပို့ပြီးသည်နဲ့ ဖုန်းခေါ်ဆိုမှုတွေကို ဖ်က္ကာ ဖုန်းကို ပြန်ပေးလိုက်သည်။

>>>>>

ကျိုးရန်ကျင့် အစည်းအဝေးအတွင်း ဖုန်းကို silence လုပ်ထားတာကြောင့် ဖုန်းလာတာမသိလိုက်ဘူး။ အစည်းအဝေးပြီး အပြင်ထွက်လာတော့ မက်ဆေ့တစ်စောင်ဝင်လာတာတွေ့တယ်။

သူဖတ်ပြီးပြီးချင်း ခြေလှမ်းတွေက ခပ်သွက်သွက်ဖြင့် အောက်ထပ်သို့။
"ဆရာ..နေ့လည်စာ.."

"မင်းတို့ပဲ စားနှင့်လိုက်တော့"

လုယုံကတော့ သူဆရာမျက်နှာပေါ်က ကြည်လင်မှုကို မြင်လိုက်ရတော့ အ့ံဩသွားတယ်။ ခုနက အစည်းအဝေးခန်းထဲမှာလိုမျိုး မဲမှောင်မနေလို့လေ။

>>>>>

ယွီရှင်း စာပို့ပြီးသည်နဲ့ ဒီနားမွာပဲ ရပ်စောင့်နေလိုက်သည်။ ကောင်မလေးနှစ်ယောက်က သူမကိုကွက်ကြည့်ကွက်ကြည့် ကြည့်နေတာကို သိပေမဲ့ သူမဂရုမစိုက်ပေ။

"ရှင်းလေး"

အသံကြားလို့လှည့်ကြည့်လိုက်တော့ သူမဆီလျှောက်လာနေသော ခန့်ညားလှပါသော CEO. ကောင်မလေးနှစ်ယောက်ကတော့ ကြောင်နေတော့သည်။ သူမတို့ရဲ့ CEOက သူမတို့ရှေ့က အမျိုးသမီးကို ချစ်စနိုးနဲ့ ခေါ်သည့်အပြင် ပြုံးပြီးကြည့်နေသည်တဲ့လေ။

"ကို. ဖုန်းခေါ်နေတာ ဘာလို့မကိုင်တာလဲ"

"Sorry..ရှင်းလေး၊ ကိုယ်အစည်းအဝေးခန်းထဲရောက်နေလို့ ဖုန်းကို silence လုပ္ထားခဲ့တာ"

ထာဝရအတြက္ (ထာဝရအတွက်) (OC)Donde viven las historias. Descúbrelo ahora