Zawgyi
သူမ သေရတော့မယ်ဆိုတာသိတယ်။ ဒီတစ်ကြိမ်ကနောက်ဆုံးတစ်ကြိမ်ပဲ. ဒီတစ်ခေါက်ပြီးရင် သူမသေခြင်းတရားနဲ့ပဲရင်ဆိုင်ရ တော့မယ်ဆိုတာ သူမကိုယ်တိုင်သိသည်။
တဖြည်းဖြည်းနဲ့ သူမမျက်လုံးတွေဝေဝါးလာသည်။
သူမတစ်ကိုယ်လုံးလည်းထုံထိုင်းလာကာ နာကျင်မှုကို မခံစားရတော့၊ ဒီငရဲကနေလွှတ်မြောက်တော့မှာမလို့ သူမပျော်ရွှင်ပေမယ့် သေရမှာကိုတော့ကြောက်နေမိသည်။ ဘယ်သူမဆို သေရမှာကိုတော့ကြောက်သည်ပဲလေ။ထိုခဏ.. သူမနားထဲမှာ အသံတွေကြားနေရသည်။ ကြမ်းပြင်ပေါ်ကိုလျှောက်လာတဲ့ခြေသံတွေ၊ အရှေ့ဆုံးက တစ်ယောက်ကတော့ ဒေါက်ဖိနပ်စီးထားသည့်ပုံပင်. အသံတွေတဖြည်းဖြည်းနီးကပ်လာပြီး နောက်ဆုံး သူမအခန်းရှေ့ရောက်တော့ ရပ်သွားသည်။
"နောက်ဆုံးအချိန်ကိုရောက်နေပြီပဲ. နင်ကိုယ်တိုင် ဒီလမ်းကိုလျှောက်ခဲ့တာမလား ဒါကြောင့် အားလုံးက နင့်ထိုက်နဲ့နင့်ကံပဲ"
"နင်အပြစ်တင်ချင်တယ်ဆိုရင် နင့်ကိုယ်နင်ပဲအပြစ်တင်ရမယ်. ကိုကို့ကို တင်စရာမလိုသလို. ငါ့ကိုလည်းအပြစ်လာမတင်နဲ့ ဒါတွေက နင်ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းတွေပဲ"
သူမလည်းမတင်ပါဘူး. ထိုမိန်းကလေးပြောတာအမှန်ပဲလေ ဒီလမ်းကို သူမကိုယ်တိုင်ရွေးချယ်ခဲ့တာ
"နင့်နောက်ဆုံးအချိန်မှာ နင့်ကိုသနားမိပေမယ့် နင်သိသင့်တယ်ထင်လို့ ငါနင့်ကိုပြောပြလိုက်ဦးမယ်. နင့်ကလေးကို ဘယ်သူသတ်လဲသိချင်လား"
ထိုစကားကိုကြားသည်နဲ့ သူမတစ်ကိုယ်လုံးတုန်ယင်လာသည်။ မရှိတဲ့အားတွေကိုစုပြီး မျက်လုံးဖွင့်ကြည့်သော်လည်း မျက်ရည်များကြောင့် မှုန်ဝါးနေသည်။
ထိုမိန်းကလေးကပင် ဆက်၍"ငါ သတ် လိုက် တာ" ထိုတစ်လုံးချင်းထွက်လာသော စကားလုံးများက သူမကိုအသက်ရှူရပိုမိုကျပ်တည်းလာစေသည်။ တဖြည်းဖြည်းနဲ့ သူမမျက်လုံးတွေမှိတ်ပြီး ငြိမ်သက်သွားပေမဲ့ ထိုမိန်းကလေးပြောလိုက်သော စကားလုံးများကို ကြားဖြစ်အောင်ကြားလိုက်သေးသည်။
![](https://img.wattpad.com/cover/244082057-288-k271472.jpg)
STAI LEGGENDO
ထာဝရအတွက် (ထာဝရအတှကျ) (OC)
Storie d'amoreဘဝမှာသူမပြုလုပ်ခဲ့တဲ့အမှားတွေအတွက် နှိပ်စက်မှုတွေကြားမှာ နောင်တတွေနဲ့ပြည့်နှက်နေတဲ့နေ့ရက်တွေကိုဖြတ်သန်းပြီးနောက် သေဆုံးသွားပြီး ပြန်လည်မွေးဖွားခြင်းနဲ့အတူ သူမရဲ့ယခင်အချိန်တွေကိုပြန်ရောက်လာတဲ့အခါ သူမဘယ်လိုပြောင်းလဲကျော်ဖြတ်မလဲဆိုတာ.......... ဘဝမှာသူမ...