ကျိုးစားဖိုမှူး(Unicode)

1.9K 150 8
                                    

(အပေါ်က တစ်ပိုင်းမှာ ဂျင်းထည့်တာ ဘယ္သူမွ မမိဘူးထင်တယ်.)

ညနေခင်း ရုံးဆင်းအချိန်ထိ သူမေလးမထေသး။ တော်တော်ကိုအိပ်ပုပ်နေသည်။ ကျိုးရန်ကျင့် အိမ်ပြန်ဖို့အတွက် သူမလေးကိုသွားနှိုးရတော့သည်။

"ကေလး..ကေလး ထေတာ့ အိမ်ပြန်မယ်လေ"

မထ.

"ကေလး..ရှင်းလေး.
ကေလး ထတော့လေ.."

သည်တော့မှ ယွီရှင်းတျောက် ခန္ဓာကိုယ်ကိုလွန့်လူးလာကာ

"အင့်း...ဟင်း"

ပျင်းကြောဆွဲပြီး ပြန်အိပ်နေပြန်သည်။
ကျိုးရန်ကျင့်လည်း ဆက်မနိုးတော့ပဲ ကိုယ်လက်သန့်စင်ကာ သူပါ ဝင်အိပ်လိုက်သည်။

ယွီရှင်းနိုးလာတော့ နွေးထွေးတဲ့ ရင်ခွင်အကျယ်ကြီးထဲ ရောက်နေသည်။ နိုးနေပေမဲ့ ထိုလူသားက အိပ်ပျော်နေသေးသည့်အတွက် လှုပ်ရှားမှုမပြုပဲ ငြိမ်ငြိမ်နေရင်းက ထိုလူသား၏ စွဲမက်ဖွယ် ကိုယ်သင်းရန့ံလေးကို ရှူရှိုက်ရင်း ပြန်အိပ်ပျော်သွားပြန်သည်။

နောက်တစ်ခေါက် သူမနိုးလာတော့ ဘေးမှာ ဘယ်သူမှမရှိတော့။ ယွီရှင်လည်း အိပ်ရာမှထကာ ရေချိုးလိုက်သည်။ ရေချိုးပြီးမှ သတိရလိုက္တာက သူမမွာ အဝတ်ပိုမရှိ။

ဗီရိုဖွင့်ကြည့်တော့လည်း ကျိုးရန်ကျင့်အကျႌမှတစ်ပါး အခြားဘာမှမရှိ။ အင်းလေ. အရင်ဘဝက သူမဒီအခန်းထဲရောက်ဖူးဖို့နေနေသာသာ ကုမ္ပဏီအရှေ့တောင် ဖြတ်လျှောက်ဖူးတာမုတ်ဘူး။ ဒီတော့ သူမအကျႌဘယ်ရှိမှာတုန်း။

ယွီရှင်းလည်း ကျိုးရန်ကျင့်ရဲ့ အကျႌတစ်ထည်ကို ကောက်ဝတ်လိုက်သည်။ ကျိုရန်ကျင့်က ပုခုံးကျယ်ပြီး အရပ်မြင့်တော့ အကျႌကသူမနဲ့ဆို ဂါဝန်တိုလေးဖြစ်နေသည်။ အကျႌလက်ကလည်း ရှည်ထွက်နေပြီး ယွီရှင်းရဲ့လက်ချောင်းတွေတောင် မမြင်ရတော့ဘူး။

အကျႌက ပေါင်လယ်ထိရှည်တာမို့ ဘောင်းဘီဝတ်စရာမလိုတော့။ ဝတ်လို့လည်း ရမယ်မထင်။ သူမက လူကောင်သေးတယ်လေ။

ယွီရှင်း သူ့အကျႌတွေဝတ်ပြီးထွက်လာတော့ စားပြဲမွာ အလုပ်လုပ်နေတဲ့ ကျိုးရန်ကျင့်က ခေါင်းထောင်ကြည့်လာသည်။ ယွီရှင်းကိုလည်း မြင်ရော နဂိုတည်ငြိမ်နေတဲ့ အရုပ်က ရယ်ချင်ပက်ကျိ ဖြစ်လာသည်။

ထာဝရအတြက္ (ထာဝရအတွက်) (OC)Where stories live. Discover now