15

1.3K 130 4
                                    

အခုနက အပိုင်းမှားသွားတာ😁

စာချုပ်မှာ ရေးထားသော အချက်တွေက အများကြီးဖြစ်သည်။

ယောက်ျားတွေနဲ့ နီးနီးကပ်ကပ်မနေရ
မကောင်းတဲ့သူများနဲ့မပေါင်းရ
ညဘက် အပြင်မထွက်ရ
ဘီယာ၊အရက် မသောက်ရ

ဒါ့အပြင် နောက်ထပ် ရူးကြောင်ကြောင် အချက်များစွာလည်း ပါသေးသည်။ ပြီးတော့
ရည်းစားဟောင်းနဲ့စကားတောင် ရပ်မပြောရ
ဆိုသည့် အချက်လည်း ပါလာလေသည်။

ယွီရှင်း ကျိုးရန်ကျင့် မျက်နှာကို မော့ကြည့်လိုက်တော့ သူက သူမကို မကြည့်ပဲ စာရွက်စာတမ်းတွေကို ဖတ်နေဟန်ဆောင်နေလိုက်သည်။

သူ ဒီလောက်ဇီဇာကြောင်တတ်မည်မှန်း သူမ အရင်ဘဝက မသိခဲ့ပေ။
“ကို ဒါတွေက”
“မင်း ကျောင်းသွားရင် လိုက်နာရမယ့်ဟာတွေ”
သူက ယွီရှင်းကို မကြည့်ပဲ ဖြေလာသည်။

“ဒါပေမဲ့ ဒါတွေက များလွန်းတယ်မလား”
“မများဘူး”

သူ့အသံက အေးစက်ပြီး အနည်းငယ်မာလာသည်။ ယွီရှင်းလည်း သူ့ကို စိတ်မဆိုးစေချင်တာကြောင့် ခေါင်းညိမ့်လိုက်သည်။ တော်ကြာ စိတ်ပြောင်းသွားပြီး ကျောင်းမတက်ခိုင်းတော့မှဖြင့်…

အရင်ဘဝကလည်း ယွီရှင်း ကျောင်းမတက်ရပေ။ အကြောင်းက သူမ စီရှားကို ချစ်နေတုန်းဖြစ်ကာ ကျိုးရန်ကျင့်နဲ့ ဘယ်တုန်းကမှ အရောတဝင် မနေသောကြောင့်ဖြစ်သည်။ ပြီးတော့ တစ်ချိန်လုံး ကွာရှင်းဖို့အတွက်ချည်းပဲ တောင်းဆိုနေတာကြောင့်ဖြစ်သည်။

ဒီဘဝမှာတော့ ကျောင်းတက်ခွင့်ရပြီဖြစ်သည်။
“ရှင်းလေး လက်ခံပါတယ်။ ဒါပေမဲ့ ရိုးရိုးသူငယ်ချင်းတော့ ထားလို့ရသေးတယ်မလား”
ကျိုးရန်ကျင့်က သူမကို စိုက်ကြည့်နေသည်။

“ကို ကလည်း အဲလောက်ထိတော့ သဝန်မတိုနဲ့လေ။ ရှင်းလေးက သူတို့ကို စိတ်မဝင်စားပါဘူး”

သဝန်တိုတယ် ပြောလိုက်တော့ ကျိုးရန်ကျင့် အနည်းငယ်တော့ ရှက်သွားသည်ထင်သည်။ အကြည့်လွှဲလိုက်ကာ ခေါင်းညိမ့်ပြလေသည်။

*****

ယွီရှင်း မနက်ဖြန်ကျောင်းတက်ရတော့မည်ဖြစ်သဖြင့် အားလုံးအဆင်သင့်ပြင်ထားသည်။
ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင် ကျောင်းမှာရှင်းရှင်းရဲ့ သူငယ်ချင်းတွေ မရှိပေ။

ထာဝရအတွက် (ထာဝရအတှကျ) (OC)Où les histoires vivent. Découvrez maintenant