Zawgyi
နမ်းပြီးသည်နဲ့ သူမခါးတစ်ဝိုက်မှ လက်က တဖြည်းဖြည်းနဲ့အောက်သို့ဆင်းလာသည်။
သူ့နှုတ်ခမ်းတွေကလည်း ရမ္မက်ပြင်းစွာနမ်းရှိုက်ရင်းမှ သူမရဲ့လည်ပင်းဆီသို့ရောက်အလာ
"အ့"
"မင်းဘာဖြစ်လို့ ကိုယ့်ကိုတွန်း"
"ကျွီ..."ထိုအချိန် တံခါးဖွင့်ကာ ဝင်လာသူသည်ကား သူ့အမေ၏ ကားကိုမောင်းရသော driver ပင်ဖြစ်သည်။
ထိုသူက သူ့ကိုဦးညွှတ်ကာ
"သခင်လေးကို တံခါးလော့ချဖို့မမေ့ပါနဲ့လို့ ဆရာကတော်ကပြောခိုင်းလိုက်ပါတယ်"ကျိုးရန်ကျင့်မျက်လုံးများကိုမှေးစင်းကာ လေထုကို အအေးဘက်သို့ပြောင်းလဲလိုက်သည်။ ဒါ သူ့အမေအကြံ ဆိုတာကိုသူသိသည်လေ။
"ငါသိပြီ"
ပြောပြီးတာနဲ့ သူ တံခါးဆီသို့လျှောက်သွားကာ တံခါးကိုလော့ချလိုက်သည်။သူဒီဘက်ပြန်လှည့်လိုက်တော့ တစ်ခစ်ခစ်နဲ့ခိုးရယ်နေသော သူမလေးကိုတွေ့လိုက်ရသည်။
ဒီလိုအချိန်ကောင်းလေးကို ဖျက်ဆီးခံနေရတာတောင် သူမလေးက ရီနေနိုင်သေးသည်။ သူ့အကြာင်းပြရသေးတာပေါ့လေ။ယွီရှင်း သူမကိုဝါးစားမတတ်စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို မြင်လိုက်ရတာကြောင့် ချက်ချင်းအရီရပ်သွားသည်။ ကျိုးရန်ကျင့် သူမဆီကို လာဖို့ ခြေတစ်လှမ်းစလှမ်းလိုက်တာနဲ့ သူမအိပ်ခန်းထဲသို့ တစ်ချိုးတည်းလစ်ပြေးသွားလေသည်။
အနောက်က ကျိုးရန်ကျင့်မျက်နှာအမူအရာကတော့
'တွေ့ကြသေးတာပေါ့'ဆိုတဲ့ လူယုတ်မာအပြုံးနဲ့လေ။••••••••••
နေ့လည်ခင်းနှစ်နာရီလောက်ကျတော့ ယွီရှင်းနိုးလာသည်။ နိုးလာသည်နှင့် ခါးတစ်ဝှိုက်မှနာကျင်မှုများကို ခံစားရသဖြင့် မထနိုင်ပဲ ပြန်လှဲနေရသည်။ ဘေးနားမှာ ကျိုးရန်ကျင့်မရှိတော့ စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။ 'သူလုပ်ပြီး နည်းနည်းလေးကူညီပေးမယ် မဟုတ်ဘူး'
သူမလင်တော်မောင်ကို စိတ်ထဲမှကျိန်ဆဲနေမိသည်။
သူမကျိန်ဆဲနေတုန်း ကျိုးရန်ကျင့်ရေချိုးခန်းထဲက ထွက်လာသည်။ အိပ်ရာပေါ်မှာ စူပုတ်နေတဲ့ သူ့ချစ်ဇနီးကိုတွေ့တော့ မျက်နှာကစပ်ဖြီးဖြီးဖြစ်လာသည်။
YOU ARE READING
ထာဝရအတွက် (ထာဝရအတှကျ) (OC)
Romanceဘဝမှာသူမပြုလုပ်ခဲ့တဲ့အမှားတွေအတွက် နှိပ်စက်မှုတွေကြားမှာ နောင်တတွေနဲ့ပြည့်နှက်နေတဲ့နေ့ရက်တွေကိုဖြတ်သန်းပြီးနောက် သေဆုံးသွားပြီး ပြန်လည်မွေးဖွားခြင်းနဲ့အတူ သူမရဲ့ယခင်အချိန်တွေကိုပြန်ရောက်လာတဲ့အခါ သူမဘယ်လိုပြောင်းလဲကျော်ဖြတ်မလဲဆိုတာ.......... ဘဝမှာသူမ...