ထမင်းဗူးလေး(Uni)

2K 168 6
                                    

"အိမ်ထဲမဝင်သေးဘူးလား"

"အင်း. ရှင့်ကိုစောင့်နေတာလေ"

သူမအခေါ်အဝေါ်ပြောင်းသွားသဖြင့်သူစိတ်မကျေနပ်။
"ကေလး. မင်းကိုယ့်ကို ဘယ်လိုပြောလိုက်တာလဲ?"

"ဟင်! ကေလး?"

"အင်း ကိုယ့်ကလေးလေးကိုပြောတာ"

"ဘယ်သူကရှင့်ကလေးလဲ?"

"လုပ်ပြန်ပြီ. ကိုယ့်ကို ဘယ်လိုသုံးနှုန်းနေတာလဲ? ဟိုလိုခေါ်လိုက် ဒီလိုခေါ်လိုက်နဲ့"

ယွီရှင်းအခုမှ သတိထားမိသြားတာ

"ဟာ..ကိုက အဲဒါကို စိတ်ကောက်တာလား"

"ကောက်စရာလား.ကလေးမရဲ့။ ကိုယ့်ကို 'ကို'လို့ပဲခေါ်။ ရှင်နဲ့မပြောနဲ့. ကြားလား"

"အင်း"
ရယ်ကျဲကျဲနဲ့ ခေါင်းညိမ့်နေသော သူမလေးကိုကြည့်ကာ သူမလေးဘာလို့ ့ပြောင်းလဲသွားလဲဆိုတာကို စဉ်းစားနေမိသည်။

>>>>>

မနက်မိုးလင်းလို့ အိမ်အောက်ဆင်းလာတော့ ယွီရှင်းတျောက်တည်း ဗျာများနေတာကို တွေ့လိုက်ရတယ်။

"ကေလး. ဘာလုပ်နေတာလဲ"

"ဟင်. ကို အလုပ်သွားတော့မှာလား. ဒီမွာ ကိုစားဖို့ မနက်စာချက်ပေးနေတာ"
သူမလေးပြောတော့ သူမျက်လုံးတစ်ချက်ပင့်မိသွားသည်။ သူမေလးက မနက်စာချက်နေသည်တဲ့လေ။

ဘယ်တုန်းကမှ မီးဖိုချောင်မဝင်ဖူးခဲ့သော ဟန္မမေလးက မီးဖိုချောင်ဝင်ပြီး သူ့ပတွက်ချက်ပြုတ်ပေးနေတယ်ဆိုတော့ နည်းနည်းတော့ ဂုဏ်ဆာချင်သွားသည်။

"ကို. လာခဲ့တော့။ စားလို့ရပြီ"

"အင်း"
ကျိုးရန်ကျင့် ထမင်းကြော်ကို တစ်ဇွန်းခပ်စားလိုက်တာနဲ့ သူမက တန်းမေးတော့တာပဲ။

"ကို. ဘယ္လိုလဲ? အရသာရှိတယ် မှတ်လားဟင်"
သူမရဲ့လက်ရာကအမှန်တကယ်ကို အရသာရှိလွန်းသည်။ ကျိုးရန်ကျင့် အနည်းငယ်တော့ အ့ံဩမိတာပေါ့။ သူမဘယ်အချိန်တုန်းက အချက်အပြုတ်သင်လိုက်တာလဲ?

"အင်း. တကယ် အရသာရှိတာပဲ. ဘယ်တုန်းက သင်လိုက်တာလဲ?"

"စီရှားတို့နဲ့အတူ နွေရာသီဟင်းချက်သင်တန်းတစ်ခုကို အတူတက်ဖူးတယ်လေ။ ဒါပေမဲ့ တစ်ခါမှတော့ မချက်ကျွေးဖူးဘူး။ အခု ကိုကပထမဆုံးပဲ. ကို ကုန်အောင်စားရမယ်နော်"

ထာဝရအတြက္ (ထာဝရအတွက်) (OC)Nơi câu chuyện tồn tại. Hãy khám phá bây giờ