20

1.1K 97 7
                                    

ဟန်ယွီလင်းရဲ့စကားကို ဈေးဝယ်နေသူတွေက ခေါင်းညိမ့်ထောက်ခံကြပြီး ဝန်ထမ်းတွေကတော့ စိတ်ထဲကနေ မှန်တယ်လို့လက်ခံနေကြသည်။ ပြီးတော့ အားလုံးရဲ့အမြင်တွေကလည်း ယွီရှင်းအပေါ် မနှစ်မြို့သည့် ပုံပေါ်လာကြသည်။

"ဝေါင်း... တော်တော်ကို ကောင်းတဲ့စကားပဲ။ အရည်အချင်းရှိတဲ့ ယောက်ျားကို မိန်းမတိုင်းကလိုချင်ကြတယ် ဟုတ်လား"

"အင်း မှန်တာပဲလေ"
လျန်ချင်းက ဝင်ပြောသည်။

ယွီရှင်းက ရယ်လိုက်ပြီး လက်ပိုက်လိုက်ကာ
"ဒါကြောင့် ပါတီပွဲညတုန်းက ငါ့ယောက်ျားကို နင်ဆေးခပ်ခဲ့တာလား။ နင်နဲ့အိပ်အောင်လို့လေ"

ယွီရှင်း စကားအဆုံးမှာ ဟန်ယွီလင်း တောင့်သွားသည်။ အားလုံးရဲ့အကြည့်တွေကလည်း ဟန်ယွီလင်းကို အပေါ်အအောက် စုန်ချည်ဆန်ချည်နဲ့ အပြန်ပြန်အလှန်လှန်ကြည့်နေကြသည်။ လျန်ချင်းလည်း တောင့်သွားကာ ဟန်ယွီလင်းကို ပြန်ကြည့်လိုက်သည်။ အဝတ်လဲရာကနေ ပြန်ထွက်လာတဲ့ ယီကျန်းလင်ကလည်း ယီရှင်းစကားကို ကြားတော့ မျက်လုံးပြူးသွားကာ ဟန်ယွီလင်းကို ကြည့်လိုက်မိသည်။

"ဝိုး... ဒီမိန်းမက တော်တော်ကို အတင့်ရဲတာပဲ"

ခဏကြာတော့မှ ဟန်ယွီလင်း သတိဝင်လာကာ ယွီရှင်းစကားကို ပြန်ငြင်းလေတော့သည်။

"မ..မ နင် ဘာတွေပြောနေတာလဲ။ ငါက ဘယ်လိုလုပ် နင့်ယောက်ျားကို ဆေးခပ်မှာလဲ။ နင့်ယောက်ျားကို ငါက ဘာလို့လိုချင်ရမှာလဲ"

"အဟမ့်.. နင်ပဲ ပြောတာလေ။ အရည်အချင်းရှိတဲ့ ယောက်ျားကို မိန်းမတိုင်းက လိုချင်တယ်လို့ ပြောတယ်မလား"

ယွီရှင်း မေးခွန်းကို ဟန်ယွီလင်း ပြန်မဖြေနိုင်ပေ။ ဒီနေ့ လူတွေအရှေ့မှာ ဟန်ယွီရှင်းကို အရှက်ခွဲဖို့ လုပ်ထားတာ ဘယ်လိုဖြစ်ပြီး သူမကပြန်အရှက်ခွဲခံနေရတာလဲ။

"ပြီးတော့ မစ္စကျိုးနေရာက မိန်းကလေးတိုင်း လိုချင်နေတဲ့ နေရာလေ။ ဒီတော့ နင်လည်း လိုချင်ရှာမှာပေါ့"

"အဲဒီမိန်းကလေးတွေထဲမှာ ငါက ဘယ်..ဘယ်လိုလုပ်ပြီး ပါမှာလဲ။ ပြီးတော့ သူက ငါ့ခဲအိုလေ။ ငါက သူ့ကို ဘယ်လိုလုပ်ပြီး စိတ်ကူးထဲထည့်မှာလဲ"

ထာဝရအတွက် (ထာဝရအတှကျ) (OC)Nơi câu chuyện tồn tại. Hãy khám phá bây giờ